Netflix ရဲ့နာမည်ကြီးဂျပန်သိပ္ပံသည်းထိပ်ရင်ဖိုဇာတ်လမ်းတွဲ “Alice In Borderland” Season 3 ဟာဆိုရင် အခုနှစ်စက်တင်ဘာလမှာ ထွက်ရှိမှာဖြစ်ပါတယ်။ ထွက်ရှိမယ်ဆိုတာကို နာမူနာဗီဒီယိုကတဆင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကြေညာခဲ့တာပါ။ နာမူနာဗီဒီယိုအရ မင်းသားယာမာဇာကီကန်တိုနဲ့ မင်းသမီး တာအိုဆုချီယာတို့ ပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။ အခုထိတော့ သူတို့နှစ်ဦး ပြန်လည်ပါဝင်လာတယ်ဆိုတာကိုပဲ အတည်ပြုရသေးပါတယ်။ နောက်ထပ် ဘယ်သူတွေ ပြန်ပါလာဦးမလဲဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်။ မင်းသား ယာမာဇာကီကလည်း Season…
Category: News
လေယာဉ်ဦးပုံစံ ဒီဇိုင်းဖန်တီးထားတဲ့ ဂျပန်ကွန်တိန်နာသင်္ဘော
လေယာဉ်ဦးပုံစံ ဒီဇိုင်းဖန်တီးထားတဲ့ ကမ်းရိုးတန်းသွား ဂျပန်ကွန်တိန်နာသင်္ဘောဟာ သင်္ဘောဒီဇိုင်းတွေကို တွန်းလှန်ပြောင်းလဲခဲ့တယ်လို့ ဆိုကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ Imoto Lines အတွက် စက်လုံးဝက် ပုံသဏ္ဍာန်ရှိတဲ့ SSS-feeder ကွန်တိန်နာသင်္ဘောကို ဂျပန်နိုင်ငံ ယာမာဂူချီမြို့မှာရှိတဲ့ ကျိုကူယိုသင်္ဘောကျင်းက တည်ဆောက်ပေးခဲ့တာပါ။ နာတိုရီ (Natori)လို့ အမည်ရတဲ့ ဒီသင်္ဘောဟာ ဂျပန်နိုင်ငံမှာ တည်ဆောက်ခဲ့သမျှ ကမ်းရိုးတန်းသွား ကွန်တိန်နာသင်္ဘောတွေထဲမှာ အကြီးဆုံးဖြစ်သလို ဒီဇိုင်းကလည်း ထူးခြားနေပါတယ်။ ခရီးသည်တင်…
၀န်ထမ်းသစ်တွေကို ဆွဲဆောင်နိုင်ဖို့ ရုံးချိန်အတွင်း အခမဲ့အရက်၊ ဘီယာသောက်ခွင့်၊ အရက်နာကျရင် နားရက်ယူခွင့်ပေးတဲ့ ဂျပန်ကုမ္ပဏီ
ပြိုင်ဘက်ကုမ္ပဏီတွေနည်းတူ လစာတိုးမပေးနိုင်တဲ့ ဂျပန်နည်းပညာကုမ္ပဏီတစ်ခုဟာ အရည်အသွေးမြင့် ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ရုံးချိန်အတွင်း အခမဲ့ အရက်၊ ဘီယာသောက်ခွင့်၊ အရက်နာကျရင် နားရက်ယူခွင့်ပေးမယ်လို့ ထူးထူးဆန်းဆန်း ကမ်းလှမ်းခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်အစောပိုင်းမှာ ဂျပန်စီးပွားရေး တဟုန်ထိုးအားကောင်းလာချိန်ကစပြီး ဂျပန်ကော်ပိုရေးရှင်းတွေက ဝန်ထမ်းတွေကို လုပ်ခလစာတွေ တိုးမြှင့်ကမ်းလှမ်းပြီး အရည်အသွေးမြင့် ဝန်ထမ်းတွေကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကတော့ ကော်ပိုရေးရှင်းကြီးတွေနဲ့အပြိုင် လစာတိုးပေးနိုင်ခြင်းမရှိလို့…
တရုတ်တိရစ္ဆာန်ရုံတစ်ရုံက ကျားကျင်ငယ်ရည်ကို အဆစ်အမြစ်ရောင်ရောဂါအတွက် တစ်ပုလင်းကို ၆.၉၅ ဒေါ်လာဖြင့် ရောင်းချ
တရုတ်နိုင်ငံရဲ့ Ya’an Bifengxia Wildlife Zoo က သမားရိုးကျမဟုတ်တဲ့ ကုန်ပစ္စည်းကို ရောင်းချနေတာကြောင့် လူပြောများနေပါတယ်။ အခုဆို အဲ့ဒီတိရစ္ဆာန်ရုံက ဆိုက်ဘေးရီးယားကျားတွေရဲ့ကျင်ငယ်ရည်ကို ရောင်းချနေတာပါ။ ကျင်ငယ်ရည် တစ်ပုလင်းကို ၆.၉၅ ဒေါ်လာဖြင့် ရောင်းချပါတယ်။ ပုလင်းပေါ်က အညွန်းမှာ ကျားကျင်ငယ်ရည်က ဒူလာ၊ ညောင်းညာတာနဲ့ ကြွက်သားနာကျင်တာတွေလို ကျန်းမာရေးအခြေအနေတွေကို ကုသပေးရာမှာ ကူညီပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဝယ်ယူသူတွေကို လှီးထားတဲ့ ဂျင်းနဲ့…
ခင်ပွန်းကို ကျောက်ကပ်ထုတ်ရောင်းဖို့ သိမ်းသွင်းပြီး ငွေတွေယူကာ ချစ်သူနဲ့ထွက်ပြေးခဲ့တဲ့ အမျိုးသမီး
အိန္ဒိယအမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူကို ကျောက်ကပ်တစ်ဖက် ထုတ်ရောင်းအောင် သိမ်းသွင်းပြီး ငွေတွေယူဆောင်ကာ သူ့ချစ်သူနဲ့ ထွက်ပြေးသွားခဲ့ပါတယ်။ အနောက်ဘန်ဂေါပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသမီးဟာ သမီးဖြစ်သူရဲ့ ပညာရေးကို အကြောင်းပြပြီး ခင်ပွန်းဖြစ်သူကို ကျောက်ကပ်တစ်ဖက် ထုတ်ရောင်းအောင် သိမ်းသွင်းခဲ့တာပါ။ ပြောဖန်များတော့ အမျိုးသားကလည်း ကျောက်ကပ်ရောင်းဖို့ သဘောတူခဲ့ပြီး မှောင်ခိုဈေးကွက်မှာ ကျောက်ကပ်ဝယ်မယ့်သူ လိုက်ရှာခဲ့ပါတယ်။ တစ်နှစ်ကြာ ရှာဖွေခဲ့ပြီးနောက်မှာတော့ လွန်ခဲ့တဲ့ သုံးလက ဝယ်လက်တွေ့ခဲ့ပြီး ရူပီး ၁…
ဘာသာစကားပေါင်း ၄၀၀ ကို ရေးတတ်၊ ဖတ်တတ်၊ စာရိုက်တတ်တဲ့ လူငယ်လေး
အိန္ဒိယနိုင်ငံမှ အသက် ၁၉ နှစ်အရွယ် လူငယ်လေးဟာ ဘာသာစကားပေါင်း ၄၀၀ ကို ရေးတတ်၊ ဖတ်တတ်၊ ကွန်ပျူတာနဲ့ စာရိုက်တတ်တာကြောင့် ကမ္ဘာတစ်ဝန်းမှ ဘာသာဗေဒပညာရှင်တွေရဲ့ အထင်ကြီးလေးစားခြင်း ခံနေရတဲ့အပြင် ဆုတံဆိပ်တွေ၊ စံချိန်တွေလည်း ပိုင်ဆိုင်ထားပါတယ်။ ချန်နိုင်းမြို့မှာ နေထိုင်တဲ့ မာမွတ်အခရမ်ဟာ ဘာသာစကား ၁၆ မျိုး ပြောနိုင်စွမ်းရှိတဲ့ ဖခင်ဖြစ်သူရဲ့ သင်ကြားပို့ချမှုကြောင့် ငယ်စဉ်ကတည်းက ဘာသာစကားမျိုးစုံနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တာပါ။ အခရမ်ဟာ…
ကမ္ဘာပေါ်မှာ ငှားရမ်းခတန်ဖိုး အမြင့်ဆုံးလမ်း
အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှ အမှတ် ၅ အထက်လမ်းမကြီးဟာ ကမ္ဘာပေါ်မှာ ဆိုင်ခန်းငှားရမ်းခတန်ဖိုး အမြင့်ဆုံးနေရာအဖြစ် နှစ်ရှည်လများ ရပ်တည်ခဲ့ပေမဲ့ အခုအခါမှာတော့ အီတလီနိုင်ငံ၊ မီလန်မြို့မှာရှိတဲ့ မွန်တီနပိုလီယွန်လမ်းမက အဲဒီဂုဏ်ပုဒ်ကို လွှဲပြောင်းရယူသွားခဲ့ပါပြီ။ အမေရိကန်လုပ်ငန်းစု Cushman & Wakefield က နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်မှာ ငှားရမ်းခတန်ဖိုးအမြင့်ဆုံး ဈေးဆိုင်တွေရှိရာ လမ်းမတွေကို အညွှန်းကိန်း ထုတ်ပြန်လေ့ရှိပြီး ကမ္ဘာတစ်ဝန်းက လမ်းမ ၁၃၈ ခုအနက်…
ရေအောက်အနက် ၁၆၃ ပေကျော်မှာ ကိုယ်ဟန်ပြဓာတ်ပုံရိုက်ပြီး ဂင်းနက်စ်စံချိန်တင်
ကနေဒါမော်ဒယ်နဲ့ ဓာတ်ပုံဆရာတို့ဟာ ဖလော်ရီဒါကမ်းလွန်ဘက် ရေအောက်အနက် ၁၆၃ ပေကျော်မှာ ဓာတ်ပုံရိုက်ပြီး ကမ္ဘာ့ရေအောက်အနက်ဆုံး မော်ဒယ်ဓာတ်ပုံအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ ကနေဒါမော်ဒယ် အန်တိုစကီးနဲ့ ဓာတ်ပုံဆရာ စတီဗင်ဟိုင်နင်းတို့ဟာ အမေရိကန် ရေငုပ်ကျွမ်းကျင်ပညာရှင် ဝိန်းဖရိုင်းမန်းရဲ့ အကူအညီနဲ့အတူ ၂၀၂၁ ခုနှစ်က ရေအောက်အနက် ၂၁ ပေမှာ ဓာတ်ပုံရိုက်ခဲ့ကြပြီး စံချိန်တင်ခဲ့ဖူးပါတယ်။ အန်တိုစကီးနဲ့ စတီဗင်ဟိုင်နင်းတို့ဟာ ဘိုကာရာတွန်ကမ်းလွန်ဘက်မှာရှိတဲ့ ဟိုက်ဒရိုအတ္တလန္တိတ်သင်္ဘောပျက်မှာ ကိုယ်ဟန်ပြဓာတ်ပုံ ရိုက်ကူးဖို့အတွက်…
အရက်မပါတဲ့ဘီယာကိုယ်ပိုင်အမှတ်တံဆိပ်ထုတ်လိုက်တဲ့ ပင့်ကူလူသားဇာတ်ကောင်မင်းသား တွမ်ဟော်လန်
အသက် ၂၈ နှစ်အရွယ် ပင့်ကူလူသားအဖြစ် သိကြတဲ့ မင်းသားတွမ်ဟော်လန်ဟာ ၂၀၂၂ ခုနှစ်က အရက်သောက်ခြင်းကို စွန့်လွှတ်ခဲ့တာပါ။ ဘားတွေသွားရင် အရက်မပါတဲ့ဖျော်ရည်ကိုပဲ မှာယူခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဘားတွေသွားရင် အသောက်သမားမဟုတ်တဲ့သူတွေကို အကူအညီဖြစ်စေဖို့ Bero လို့ခေါ်တဲ့ သူ့ရဲ့ကိုယ်ပိုင်ဘီယာအမှတ်တံဆိပ်ကို ထုတ်လုပ်ဖြစ်ခဲ့ပါတယ်။ ဒီဘီယာအမှတ်တံဆိပ်ဟာဆိုရင် အမေရိကန်မှာ IPA Beer၊ Wheat Beer နဲ့ Pilsner Beer ဆိုပြီး ထုတ်ကုန်…
ကမ္ဘာ့သက်တမ်းအရင့်ဆုံးလို့ ယူဆရတဲ့ ရေခဲချပ်ကို အနက် ၂ မိုင်အကွာကနေ တူးဖော်ထုတ်ယူနိုင်ခဲ့
အန္တာတိကတိုက်မှ နိုင်ငံတကာသိပ္ပံပညာရှင်အဖွဲ့ဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံးလို့ ယူဆရတဲ့ ရေခဲချပ်ကို တူးဖော်ထုတ်ယူနိုင်ခဲ့ပြီး ရာသီဥတုဆိုင်ရာသိပ္ပံပညာရပ်အတွက် မိုင်တိုင်သစ်တစ်ရပ် စိုက်ထူနိုင်ခဲ့ပါပြီ။ သူတို့ဟာ အန္တာတိကတိုက်ရဲ့ ရေခဲပြင်ကို ၂.၈ ကီလိုမီတာအနက်အထိ တူးဖောက်ပြီး ရေခဲချပ်ကို ထုတ်ယူခဲ့တာပါ။ ရေခဲချပ်ထဲမှာ ပိတ်မိနေတဲ့ လေပူဖောင်းတွေဟာ အတိတ်ကာလ ကမ္ဘာ့လေထုအခြေအနေကို ညွှန်ပြနေတဲ့ အချိန်ယန္တယားငယ်တွေလို့ မှတ်ယူခံထားရပါတယ်။ ရေခဲချပ်နမူနာတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁.၂ သန်းရဲ့ ရာသီဥတုကို စဉ်ဆက်မပြတ်မှတ်သားထားတဲ့…