တရုတ်နိုင်ငံက အသက် ၂၁ နှစ်အရွယ်ကောင်လေးဟာ anime ပရိသတ်တွေအတွက် အိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ကျဲ့ကျန်းပြည်နယ်ဇာတိ ကျီအန်ဆိုတဲ့ အဲ့ဒီကောင်လေးက တက္ကသိုလ်ကနေ ဘွဲ့ရယူပြီးတဲ့နောက် Crayon Shin-chan ဂျပန်အန်နီးမေးရှင်းထဲက အိမ်ပုံစံအတိုင်း ဆောက်လုပ်ဖို့ စိတ်ကူးရခဲ့ပါတယ်။

ကျီအန်က အဲ့ဒီအန်နီးမေးရှင်းထဲက La Bi Xiao Xin ဇာတ်ကောင်ကို အမြဲသဘောကျခဲ့တာပါ။ အဲ့ဒါကြောင့် အဲ့ဒီဇာတ်ကောင်ရဲ့နေအိမ်ပုံစံတူကို အပြင်တကယ်လက်တွေ့ဘဝမှာ တည်ဆောက်ဖြစ်ခဲ့ပါတယ်။ ကျီအန်က ကားအဟောင်းတစ်စီးကိုလည်းဝယ်ယူခဲ့ပြီး anime ထဲက အစိမ်းရောင်ကားနဲ့တူသွားအောင် ပြုပြင်မွမ်းမံခဲ့ပါတယ်။


သူဟာ စိန်ခေါ်မှုများစွာရင်ဆိုင်ရပေမဲ့ သူ့အမေက သူ့ကို များစွာပံ့ပိုးကူညီပေးခဲ့တာပါ။ အစကတော့ သူ့အမေက Doraemon က ပိုပြီးနာမည်ကြီးတယ်လို့ ထင်ခဲ့ပေမဲ့ သူ့ရဲ့ပရောဂျက်ကို စတင်ဖို့ ငွေအမြောက်အမြားထောက်ပံ့ပေးခဲ့ပါတယ်။ သူဟာ ဒီအိမ်အတွက် ယွမ် ၃သန်းချေးယူထားပြီး နိုင်ငံခြားခရီးသည်တွေကိုဆွဲဆောင်ရာ နေရာအဖြစ် အဲ့ဒီအိမ်ကနေ ရရှိလာမယ့် အမြတ်အစွန်းတွေနဲ့ ပြန်ဆပ်ဖို့ မျှော်လင့်ထားပါတယ်။

ကျီအန်ဟာ Anime ထဲက အိမ်ပုံစံအတိုင်း ဆောက်လုပ်တာတစ်ခုတည်းနဲ့တင် ရပ်တန့်နေမှာမဟုတ်ပါဘူး။ သူ့ရဲ့ရည်မှန်းချက်က Futaba မူကြိုကျောင်း အပါအဝင် Crayon Shin-chan နေထိုင်တဲ့ Kasukabe မြို့တစ်ခုလုံးအဖြစ် ဖန်တီးဖို့ပါပဲ။