ကိုရီးယားဒရာမာမှာ ပါဝင်ခဲ့တဲ့ ဒေါင်းဆင်ဒရုန်းရောဂါနဲ့ ပထမဆုံးသရုပ်ဆောင်မင်းသမီးအဖြစ် သိကြတဲ့ မင်းသမီး ဂျောင်အန်ဟေးဟာ မေလကျ လက်ထပ်တော့မှာဖြစ်ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ အန်ဟေးက လက်ထပ်တော့မယ်ဆိုတာကို YouTube ချန်နယ် OPQR ကတဆင့် ကြေညာခဲ့တာပါ။ သူဟာ သူ့ခင်ပွန်းလောင်း ဂျိုယောင်နမ် (ဉာဏ်ရည်မသန်စွမ်းသူ)နဲ့ သူတို့အလုပ်လုပ်နေတဲ့ Amazing Outsider Art Center မှာ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်မ လက်ထပ်ချင်တဲ့သူကို တွေ့ထားပြီးပါပြီ။ ဖွံ့ဖြိုးမှုဆိုင်ရာမသန်စွမ်းတဲ့သူတစ်ယောက်က အခြားသူတွေလို သာမန်ဘဝနဲ့ နေထိုင်လို့မရနိုင်ဘူးလား”လို့သူက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ သူတို့ ပထမဆုံးတွေ့ဆုံမှုမှာတင် ယောင်နမ်ရဲ့စိတ်ဝင်စားမှုကို ချက်ချင်းဆွဲဆောင်နိုင်ခဲ့ပြီး မကြာခင်မှာ သူတို့တွဲခဲ့ကြတယ်။ သူ့ကို ယောင်နမ် လက်ထပ်ခွင့်တောင်းတော့ အရမ်းပျော်ရွှင်ခဲ့ရပြီး သူတို့ရဲ့မင်္ဂလာပွဲကို မေလ ၃ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်တယ်လို့လည်း အန်ဟေးထုတ်ပြောပြထားပါတယ်။
ယောင်နမ်က ကိုယ်ရည်ကိုယ်သွေးရှိပြီး အမြဲ သူ့ကို ပြုံးပျော်ရွှင်စေခဲ့တယ်။ အဲ့ဒါကို သူ့ကို ခွန်အားအများကြီးဖြစ်စေတယ်။ သူ့ရဲ့ကျေးဇူးကြောင့် ပိုပြီးအားတတ်စေတယ်လို့ သူက ပြောပြထားပါတယ်။

အန်ဟေးက ဒေါင်းဆင်ဒရုန်းရောဂါကြောင့် အထီးကျန်ခဲ့ရပါတယ်။ ပန်းချီကတဆင့် လူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ နည်းလမ်းကို ရှာတွေ့ခဲ့ပြီး ၂၀၂၃ ခုနှစ်က ဆိုးလ်မှာ သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်ပန်းချီပြပွဲကို ကျင်းပနိုင်ခဲ့ပါတယ်။

အန်ဟေးက ၂၀၂၂ ခုနှစ်ရဲ့ Our Blues ဇာတ်လမ်းတွဲမှာ နာမည်ကြီးမင်းသမီးဟန်ဂျီမင်းနဲ့အမြွှာညီအမအဖြစ် သရုပ်ဆောင်ခဲ့ပြီးတဲ့နောက် လူအများရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရတာပါ။