အမျိုးသားတို့ရဲ့ နေ့စဉ်ဘဝနဲ့ ကျန်းမာရေးအတွက် ကျားဟော်မုန်းဟာ သက်ရောက်မှုအများကြီး ရှိပါတယ်။ အမျိုးသားတွေမှာ ကျားဟော်မုန်းနည်းလာတဲ့အခါ

၁။ လိင်စိတ်ဆန္ဒ လျော့နည်းလာမယ်။ လိင်စွမ်းဆောင်ရည် ကျဆင်းမယ်။
၂။ အားအင်ကုန်ခမ်းသလို ပင်ပန်းနေမယ်။
၃။ ကိုယ်အလေးချိန် တက်လာမယ်။ ဝလာမယ်။
၄။ စိတ်ဓာတ်ကျရောဂါ အစပြုလာမယ်။
၅။ အရာရာကို စိတ်တိုင်းမကျသလို ဖြစ်နေမယ်။
၆။ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာမယ်။
၇။ ကိုယ်ခန္ဓာက အမွေးအမျှင်တွေ လျော့နည်းလာမယ်။
၈။ အရိုးပါးလာမယ်။ အရိုးပွရောဂါ ဖြစ်ဖို့ အခွင့်အလမ်း ပိုများလာပါမယ်။
Testosterone ကျားဟော်မုန်းဟာ အသက်ကြီးလာတာနဲ့ နည်းသွားတာ သဘာဝပါပဲ။ ကင်ဆာရောဂါအတွက် ဓာတုကုထုံး ကုသမှုခံယူနေချိန်၊ ဝှေးစေ့ကို ထိခိုက်မှု ဖြစ်တဲ့အချိန်၊ နှလုံးနဲ့ ဆက်စပ်ရောဂါတွေ၊ စိတ်ဖိစီးမှု၊ အရက်သေစာ အလွန်အကျွံ သောက်တာ၊ အသည်းနဲ့ ကျောက်ကပ်မှာ ရောဂါဖြစ်တာ၊ AIDS ရောဂါတွေဟာ ကျားဟော်မုန်းကို နည်းသွားစေနိုင်ပါတယ်။