ကြက်သား ကိုက်လန်ကြော်

0
52

အားလုံးပဲမင်္ဂလာပါနော်။ ဒီနေ့မှာတော့ ကြက်သားနဲ့ ကိုက်လန်ကြော် ပူပူလေး ကြော်စားနည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

ကိုက်လန် တစ်စည်း
ကြက်သား အနည်းငယ်
ဆီ
ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
ငရုတ်ကောင်းမှုန့်အနည်းငယ်

နှမ်းဆီအနည်းငယ်
ဝိုင်အနည်းငယ်
ဆားအနည်းငယ်
ကော်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

မှို ၈ ခုခန့်
ကြက်သွန်ဖြူ ၃ မွှာ
ခရုဆီအနည်းငယ်

ပြုလုပ်နည်း
အရင်ဆုံး အရွက်ကို ရေဆေးလိုက်ပြီး ရေစိမ်ထားလိုက်ပါ။ အဲဒီနောက် ရေဆစ်ထားပါ။

ပြီးရင် ကြက်သားကိုပါးပါးလှီးလိုက်ပါ။ ဝိုင်အနည်းငယ်နဲ့ ပဲငံပြာ၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ ၊ ဆား နဲ့ ကော်မှုန့်တို့နဲ့ နယ်ထားပေးလိုက်ပါ။ အသားနူးအောင်ရယ် အသားထဲ အရသာစိမ့်ဝင်သွားအောင်နယ်ပါ။

မှိုနဲ့ ကြက်သွန်ဖြူကို ပါးပါးလှီးပါ။

ဆီကိုအပူပေးလိုက်ပြီး ကြက်သားထည့်လိုက်ပါ။

ကြက်သားရပြီဆိုရင်တော့ မှိုကြော်လိုက်ပါ။ ကြက်သွန်ဖြူကို ဆီသတ်လိုက်ပါ။ အဲဒီနောက် အရွက်ထည့်ကြော်လိုက်ပါ။ အရွက်နူးတော့မယ်ဆိုရင် မှိုနဲ့ ကြက်သားပြန်ထည့်ပါ။

ဝိုင်နည်းနည်းနဲ့ ပဲငံပြာရည်ထည့်ပါ။ အဲဒီနောက် ဆား ထည့်လိုက်ပါ။ သေချာမွှေပေးလိုက်ပါ။ ခရုဆီနည်းနည်းထည့်လိုက်ပါ။ ပြီးရင်တော့ သုံးဆောင်လို့ရပါပြီနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here