ကြာဇံသုပ် စပ်စပ်လေး

0
48

အသုပ် ကြိုက်နှစ်သက်သူများအတွက် ကြာဇံ အစပ်သုပ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၄ ဇွန်း
ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
ငရုတ်သီးစိမ်း ၁ တောင့် (ပါးပါးလှီးထားပါ)
နုပ်နုပ်စဉ်းထားသော စပါးလင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

မှို ပန်းကန်လုံး ၂ လုံးစာ (လေးထောင့်အတုံးငယ် တုံးထားပါ)
ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
မြေပဲ စားပွဲတင်ဇွန်း ၄ ဇွန်း
ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း

ဆော့စ် ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
ငရုတ်သီးစိမ်း ၁ တောင့် (ပါးပါးလှီးထားပါ)

အခြားသော ပါဝင်ပစ္စည်းများ

ကြာဇံ ၁၀၀ ၈ရမ်
သခွားသီး တစ်ဝက် (အကွင်းလိုက် ပါးပါးလှီးပါ သို့မဟုတ် မီးခြစ်ဆံကဲ့သို့ အချောင်းလိုက် ပါးပါးလှီးထားပါ)
ပါးပါးလှီးထားသော မုန်လာဥနီ စားပွဲတင်ဇွန်း ၄ ဇွန်း
ပင်စိမ်းရွက်အနည်းငယ်
နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြာဇံကို အထုပ်ပေါ်က အညွှန်းအတိုင်း ပြုတ်ထားပါ။ ထို့နောက် ရေအေးဖြင့် ထပ်မံဆေးကြောပေးလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ ည့်ပါ။ ဆီပူလာပါက ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် စပါးလင်တို့ထည့်ကာ ၃ မိနစ်မှ ၅ မိနစ်ခန့် ဆီသတ်ပါ။

၃။ ထို့နောက် မှိုထည့်ကာ ၅ မိနစ်ခန့် ကြော်ပါ။ ပဲငံပြာရည်၊ ပျားရည်၊ မြေပဲတို့ထည့်ကာ ၅ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ နံနံပင် ထည့်ပြီးနောက် သမအောင်မွှေပါ။ ထို့နောက် မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။ (ပဲပြားတို့ တို့ဖူးတို့ ထပ်ပေါင်းထည့်ပြီးလည်း ရောကြော်နိုင်ပါသေးတယ်)

၄။ ဆော့စ် ပြုလုပ်ရန်အတွက် ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ရေ၊ သံပုယိုရည်၊ ပျားရည်၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၅။ ဒါဆိုရင်တော့ ကြာဇံသုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။

ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြာဇံပြုတ်ထည့်ပါ။ မှိုကြော် ထည့်ပါ။ မုန်လာဥနီ၊ သခွားသီး၊ ပင်စိမ်းရွက်နှင့် နံနံပင်တို့ထည့်ပါ။ ထို့နောက် ဆော့စ်လေး ဆမ်းထည့်ကာ သမအောင် နယ်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ အရသာရှိတဲ့ ကြာဇံ အစပ်သုပ်လေး ရရှိသွားပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here