ခုခံအား ကောင်းစေမယ့် နည်းလမ်းများ

0
58
အာဟာရပြည့်အောင်စားတာ
အိပ်ရေးဝဝအိပ်တာ
ဆေးလိပ်၊ အရက်ရှောင်တာ
လက်ဆေးတာ
လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးတာ
လေ့ကျင့်ခန်းလုပ်တာ စတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

ဒီထဲမှာ အာဟာရပြည့်အောင် စားတဲ့ အကြောင်းလေး ပြောချင်ပါတယ်။ လေ့ကျင့်ခန်းသာ နေ့တိုင်း မလုပ်ဖြစ်ရင် နေမယ်။ နေ့တိုင်း အစားတော့ စားဖြစ်ကြမှာပါ။ စားမယ့် စားတော့ အာဟာရ ပြည့်အောင် စားတာ ပိုကောင်းတာပေါ့။ ခေတ်စကားနဲ့ ပြောရင်တော့ immuneတက်အောင် များများ စားရတယ်ပေါ့။ တကယ်တော့ များများစားတယ်ဆိုတိုင်းလည်း အာဟာရပြည့်ဝတာမဟုတ်ပါဘူး။ ကိုယ်ခံအားအတွက် လိုအပ်တဲ့ အစားအသောက်တွေ ပါဝင်အောင် စားဖို့လည်းလိုပါသေးတယ်။ အများကြီး အလွန်အကျွံစားတာမျိုးက ခုခံအားတက်အောင် မလုပ်ပေးနိုင်ဘဲ ဆန့်ကျင်ဘက်ရလဒ်တွေတောင် ဖြစ်နိုင်ပါသေးတယ်။

ဘာကြောင့် ခုခံအားကောင်းဖို့ အာဟာရ ကောင်းကောင်း လိုတာလဲ။

အာဟာရပြည့်ဝတာက ခုခံအားစနစ်ကို နည်းအမျိုးမျိုးနဲ့ အထောက်အကူ ပြုနေပါတယ်။ ဥပမာ ပြောရရင်

ဗီတာမင်အေ၏ အဓိကအကျိုးကျေးဇူးမှာ ကိုယ်ခံအားစနစ်ကိုထိန်းညှိပေးပြီး ခန္ဓာကိုယ်သို့ ရောဂါပိုးများ၀င်ရောက်ခြင်းကို အရေပြား၊ ပါးစပ်ရှိ တစ်ရှူးများ၊ အစာအိမ်၊ အူလမ်းကြောင်း နှင့် အသက်ရှူလမ်းကြောင်း မှတစ်ဆင့် ကာကွယ်ပေးပါသည်။

တချို့တွေကျတော့ ခုခံအားဆဲလ်တွေ ပွားနိုင်အောင်ရယ် ကောင်းကောင်း အလုပ်လုပ်နိုင်အောင်ရယ် ကူညီပေးနိုင်ပါတယ်။

ဒါ့ပြင် ဆဲလ်တွေကို ဓာတ်တိုးပြီး ပျက်စီးတဲ့ ဒဏ်ကနေ ကာကွယ်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ရှိပါတယ်။

အာဟာရမပြည့်ဝဘူးဆိုရင် ခုခံအား စနစ်တွေ ပျက်ယွင်းလာတာကြောင့် ရောဂါပိုးတွေ ဝင်လာတာ၊ နဂိုရှိပြီးသား ရောဂါတွေ ပြန်ကြွလာတာမျိုး ဖြစ်နိုင်ပါတယ်။
သာမန်ဖျားနာရင်တောင် အဖျားတာရှည်တာမျိုး ဖြစ်တတ်ပါတယ်။
ဒါကြောင့် ကောင်းမွန်တဲ့ ခုခံအားစနစ်ရဖို့ ကောင်းမွန်တဲ့ အာဟာရက လိုကို လိုအပ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here