ချစ်သူကောင်မလေးနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ EXO အဖွဲ့ဝင်ဟောင်း အဆိုတော်မင်းသားတာအို

0
55

EXO အဖွဲ့ဝင်ဟောင်းအဆိုတော်မင်းသားတာအို (ဟွမ်ကျီတာအို) နဲ့ သူ့ချစ်သူကောင်မလေး SM Entertainmentရဲ့Trainee သမားဟောင်း ရွီယီယန်းတို့လက်ထပ်လိုက်ကြပါပြီ။ သူတို့လက်ထပ်လိုက်ပြီဆိုတာကို ရည်ညွှန်းတဲ့ လက်ထပ်မှတ်ပုံတင်ပုံတွေကို Weibo အကောင့်မှာ ဒီဇင်ဘာ ၂ ရက်နေ့က တင်ခဲ့တာပါ။

တာအိုက ယီယန်းက အခုနှစ် ဩဂုတ်လမှာ ထုတ်လွှင့်တဲ့ Dare or Not (Variety Show) မှာ လက်ထပ်ခွင့်တောင်းခဲ့တာပါ။ ၂၀၂၅ ခုနှစ်ကျမှ သူတို့နှစ်ဦး လက်ထပ်ကြမှာဖြစ်တယ်လို့ တာအိုက ပရိသတ်တွေကို ပြောခဲ့ပေမဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ သူတို့လက်ထပ်လိုက်ပြီဆိုတာကို အံ့အားသင့်ဖွယ် ကြေညာခဲ့တာပါ။

ယီယန်းက “ရည်မှန်းချက်ပန်းတိုင်အဖြစ် အိမ်ထောင်ပြုချင်တယ်”လို့ ရေးသားခဲ့ပြီး တာအိုက “ရည်မှန်းချက်ပန်းတိုင်ပြည့်သွားပြီ”လို့ ရေးသားခဲ့ပါတယ်။

တာအိုက ၂၀၁၅ ခုနှစ်မှာ EXO အဖွဲ့ကနေထွက်ပြီး တရုတ်နိုင်ငံပြန်ကာ သူ့ရဲ့ကိုယ်ပိုင်အေဂျင်စီ Z.Tao Studio ကို တည်ထောင်ခဲ့ပါတယ်။ ယီယန်းက နာမည်ကြီးကိုရီးယားအေဂျင်စီ SM Entertainment ရဲ့ Traniee သမားဖြစ်ခဲ့ပေမဲ့ အဆိုတော်အဖြစ် ပွဲဦးမထွက်ခဲ့ရပါဘူး။ ၂၀၁၈ ခုနှစ်မှာ တာအိုရဲ့ကုမ္ပဏီဖြစ်တဲ့ L.Tao Entertainment ထဲ ဝင်ရောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ တစ်ကိုယ်တော်အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။

သူတို့နှစ်ဦး တွဲနေကြတယ်ဆိုတဲ့ ကောလဟာလတွေက နှစ်တော်တော်ကြာ ပျံ့နှံ့နေခဲ့ပေမဲ့ သူတို့နှစ်ဦးရဲ့အချစ်ရေးကို အခုနှစ် ဇူလိုင်လကမှ အတည်ပြုခဲ့တာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here