ဂေါ်ဖီထုပ်ကပေးတဲ့ အသားအရေ လှပမှု တွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
အရောင်ကျစေတယ်
ရောင်ရမ်းမှုက မလိုအပ်ဘဲ နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ အရေပြားရောင်ရမ်းတာက မအီမသာ ဖြစ်စေသလိုအမျိုးမျိုးသော ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဂေါ်ဖီထုပ်မှာပါတဲ့ အမိုင်နိုအက်ဆစ်က အရောင် ကျစေနိုင်ပြီး အရေပြားရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။
အသားအရေ ကြည်လင်စေတယ်
အသားအရေ ကြည်လင်ဝင်းပစေဖို့ ထောက်ကူပေးမယ့် အဓိကဇာတ်လိုက်က ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါ။ ဂေါ်ဖီထုပ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် အရေးအကြောင်းတွေကို မဖြစ်အောင် ကာကွယ်ပေး သလို အသားအရောင် မညီတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဝက်ခြံ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။
အနာကျက်စေနိုင်တယ်
အစိမ်းရောင်ဟင်းသီးဟင်းရွက် တော်တော်များများက အနာကျက်စေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဂေါ်ဖီထုပ်ကလည်း အသီးအရွက် တစ်ခုဖြစ်တာကြောင့် အရေပြားပေါ်က ဝက်ခြံ အပါအဝင် အနာ အမျိုးမျိုးကို ကျက်စေနိုင်တာပါ။ ဂေါ်ဖီထုပ်က အသားအရေကို အာဟာရ ဖြည့်ပေးနိုင်ပြီး အရေပြားပြဿနာ အမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။
အရွယ်တင်စေနိုင်တယ်
ဂေါ်ဖီထုပ်မှာ အရွယ်တင်စေနိုင်တဲ့ အာနိသင်တွေ ရှိပါတယ်။ အကြောင်းကတော့ ဂေါ်ဖီထုပ်မှာ ဗီတာမင် C ပါဝင်နေတာကြောင့်ပါ။ ဂေးဖီထုပ်တွေက ဆဲလ်တွေ အိုမင်းမှုကို နှောင့်နှေးစေပြီး အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးပါတယ်။
သဘာဝရဲ့ Toner တစ်ခုပါ
ဂေါ်ဖီထုပ်က မျက်နှာသစ်ပြီးချိန်မှာ အရေပြားပေါ်က ချွေးပေါက်တွေထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးသလို အသားအရေကို လန်းဆန်းစေပြီး အရေးအကြောင်းတွေ ကင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကလည်း အသားအရေကို တင်းရင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။
ဝက်ခြံနဲ့ အမည်းစက်တွေကို သက်သာစေနိုင်တယ်
ဂေါ်ဖီထုပ်ရဲ့ နောက်ထပ် အာနိသင် တစ်ခုက ဝက်ခြံကို သက်သာစေနိုင်တဲ့ အာနိသင် ရှိတာပါ။ အမည်းစက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဂေါ်ဖီရွက်ကို အနှစ်ကြိတ်ပြီး လိမ်းတာကလည်း ဝက်ခြံနဲ့ အမဲစက်တွေကို သက်သာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။
အသားအရေကို ရေဓာတ်ဖြည့်ပေးတယ်
တစ်နေ့တာကို ရေ ၈ ခွက်ပြည့်အောင် သောက်ဖို့ ပျင်းတယ်။ အရေပြားကိုလည်း ရေဓာတ်ပြည့်ဝစေချင်တယ်ဆိုရင် ရေဓာတ် ၈၁% ပါဝင်နေတဲ့ ဂေါ်ဖီထုပ်ကို စားပေးလို့ ရပါတယ်။ အရေပြားဆဲလ်တွေကို ရေဓာတ်ပြည့်ဝစေပြီး အရေပြားဆဲလ်တွေအတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးပါတယ်။