ဒီနေ့တော့ ကိုယ့်မှာရှိပြီးသား ဂျင်းဂျက်ကတ်၊ ဂျင်းဘောင်းဘီလေးတွေကို ဘယ်လိုပြန်ပြင်ဆင် DIY လုပ်ပြီး အသွင်သစ်ဖန်တီးဝတ်ဆင်နိုင်သလဲဆိုတာလေး ပြောပြချင်ပါတယ်။
တစ်ခါတစ်လေ ဗီရိုထဲက ဂျင်းအထည်တွေကလည်း ဝတ်ရတာ ပျင်းဖို့ကောင်းလာပြီ၊ အမိုက်စားဒီဇိုင်းသစ်တွေ ထပ်ဝယ်ဖို့လည်း ရေကသိပ်မရှိသေးဘူး ဆိုရင်တော့ ခုပြောပြမယ့် နည်းလေးတွေက အလုပ်နည်းနည်းရှုပ်ပေမယ့် ချစ်တို့အတွက်အသုံးဝင်မှာ သေချာပါတယ်။
(၁) ကိုယ့်ဆီမှာ ရှိပြီးသား jean jacket တွေကို ကိုယ့်စိတ်ကြိုက် patches လေးတွေဝယ်ပြီး လိုချင်တဲ့နေရာမှာ ကပ်ပါ။ တစ်ချို့ patches လေးတွေက မီးပူဖိတိုက်လိုက်ရုံနဲ့ အဆင်ပြေသလို တစ်ချို့ကျတော့ ကပ်ချုပ်ရတာပါ။ ကျောအပြည့်ကြိုက်ရင် ကျော့အပြည့် မဟုတ်လည်း လက်မောင်းတွေ၊ ကိုယ်ထည်တွေမှာ သဘောကျသလို ကပ်ဝတ်လိုက်ပါ။
(၂) နောက်တစ်နည်းကတော့ ကိုယ့်ဆီမှာ ရှိပြီးသား သိပ်မဝတ်ဖြစ်တော့တဲ့ အကျီတီရှပ် ဒါမှမဟုတ် tee က စတစ်ကာတွေကို ညှပ်ပြီး jean jacket နောက်ကျောမှာ ပြန်ကပ်ချုပ်နိုင်ပါသေးတယ်နော်။
(၃) ripped jeans တွေ သဘောကျတဲ့သူတွေအတွက် အကျီကို အထာကျအောင် ဘယ်လိုဖြဲရသလဲဆိုတာလေး ပြထားပေးပါတယ်။ ဖြဲနည်းတွေ အများကြီးအနက် ခုပြထားပေးတဲ့ ပုံထဲက အဆင့်ဆင့်တွေဟာ အဆင်အပြေဆုံး ဖြစ်မှာပါ။
(၄) jean jacket တွေမှာ ဘောင်းဘီတွေမှာ ဇာတွေ Pom-Pom သိုးမွှေးလုံးလေးတွေ ကပ်ချုပ်တာကလည်း ချစ်စရာ ကောင်းပါတယ်နော်။
(၅) Ripped Jeans တွေကိုမှ အထဲက ဒီဇိုင်းတွေထည့်ချုပ်တာကတော့ မလုပ်တတ်ရင် နည်းနည်း ခက်ပါတယ်။ ဒါပေမယ့် စမ်းသပ်ပြီး ချုပ်ကြည့်မယ်ဆိုရင်လည်း ကိုယ်သိပ်မဝတ်တော့တဲ့ အဟောင်းတစ်ထည်နဲ့ စကြည့်ပါ။
(၆) ဘောင်းဘီတွေရဲ့ လိုချင်တဲ့နေရာ ဥပမာ ဘောင်းဘီအိတ်ကပ်လေးတွေမှာ အပ်ချည်နဲ့ လက်ချုပ်လိုက်ပြီး ကိုယ်လိုချင်တဲ့ ဒီဇီုင်းဖော်တာမျိုး၊ rivet လေးတွေ ဖောက်တာမျိုးကလည်း ဆန်းပါတယ်နော်။
(၇)jean jacket၊ ဘောင်းဘီရှည်ကို အတိုဖြတ်မယ်ဆိုရင်တော့ အရင်ဆုံး ကိုယ်လိုချင်သလို သေချာညှပ်နိုင်ဖို့ အရာပေးပြီး ကပ်ကြေးနဲ့ ညှပ်ဝတ်ရုံပါပဲ။ အောက်အနား အမွှေးထုတ်ဝတ်တာကလည်း အဟောင်းဒီဇိုင်းတွေကို ပြန်သစ်သွားစေမှာ သေချာတယ်နော်။
ကဲ ချစ်တို့ရေ jean အဟောင်းတွေကို အသွင်သစ်လေးဖြစ်အောင် DIY နည်းလေးတွေနဲ့ ကိုယ်တိုင်ဖန်တီး ဝတ်ဆင်လိုက်ကြရအောင်နော်။