ဟိုဆေး အက်ဒိုလ်ဖိုဟာ ‘Eco Banco del Estudiante’ အမည်ရတဲ့ Eco Bank ကို တည်ထောင်ထားပါတယ်။ သူက အဲ့ဒီဘဏ်ကို ကလေးသူငယ်တွေအတွက် အသက် ၇ နှစ်မှာ စပြီးတည်ထောင်ခဲ့တာပါ။ အသက် ၁၇ နှစ်ရှိပြီးဖြစ်တဲ့ ဟိုဆေးဟာ ပြဿနာတစ်ခုကိုမြင်ပြီး ဘဝပေါင်းများစွာကို ပြောင်းလဲစေမယ့်ဖြေရှင်းနည်းတစ်ခုကို ဖန်တီးခဲ့တဲ့ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဘဏ်တည်ထောင်သူလည်းဖြစ်ပါတယ်။
အဲ့ဒါကတော့ ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်းတွေကိုသူ့လိုဆယ်ကျော်သက်တွေ၊ ကလေးတွေ အပ်နှံလို့ရပြီး သူတို့ရဲ့အကောင့်တွေမှာ ငွေသားအစစ်တွေရရှိနိုင်တဲ့ဘဏ်တစ်ခုကို ဖန်တီးခဲ့တာပါ။

အခုဆို သူ့ရဲ့အဲ့ဒီပရောဂျက်က ပီရူးမြို့ကြီး ၁၂ မြို့မှာ လုပ်ဆောင်နေပြီး ကလေး ၆၀၀၀ ကျော်က သူ့ရဲ့ဘဏ်မှာ အပ်ဖို့ အမှိုက်သရိုက်တွေ စုဆောင်းခဲ့ကြပါတယ်။ ကလေး ၃၂၀ ကလည်း ကျောင်းသုံးပစ္စည်းတွေနဲ့ ကွန်ပျူတာပစ္စည်းတွေအတွက် Eco Credit တွေရရှိခဲ့ပါတယ်။ ဟိုဆေးရဲ့ဘဏ်က ကလေးတွေကို ငွေကြေးလွတ်လပ်ခွင့်အကြောင်း သင်ပေးပါတယ်။ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ကူညီပေးတယ်။ စွန့်ဦးတီထွင်မှုသင်တန်းလည်းပေးပါတယ်။
ဟိုဆေး အက်ဒိုလ်ဖိုက ကလေးသူငယ်အခွင့်အရေး၊ ပတ်ဝန်းကျင်နဲ့ လိုအပ်နေသူတွေအတွက် တိုက်ပွဲဝင်ဖို့နဲ့ အဲ့ဒီအတွက် ပီရူးမှာ ပထမဆုံးဖောင်ဒေးရှင်းဖြစ်တဲ့ Bartselana Foundation ကို ခိုင်မာအောင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။