စိုးရိမ်ပူပန်မှုကိုခံစားနေရတဲ့အခါ အသက်ကိုဝဝရှုပါ

0
43

စိတ်ထဲမှာတင်းကြပ်ပြီး စိုးရိမ်ပူပန်မှုကို ခံစားနေရလား။ ဒါဆိုရင် အသက်ကို ဖြည်းဖြည်းချင်း တဝကြီးရှူထုတ်၊ ရှူသွင်းလုပ်ကြည့်လိုက်ပါ။

လူရဲ့ဝမ်းဗိုက်ဟာ အမြဲလေလျော့နေပါတယ်။ အဲ့ဒီအချိန်မှာ အသက်ကို လုံလုံလောက် လောက် ရှူထုတ်လိုက်တဲ့အခါ နောက်ကျောဆီက ဝေဒနာကို ခံစားရတတ်ပါတယ်။ တချို့လူတွေ ကလည်း “ အသက်အရင်ရှူသွင်းမှဖြစ်မှာပေါ့။ အဆုတ်ထဲမှာ လေမှမရှိတာ” လို့ ပြောကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။

အဆုတ်ပေါက်သွားမှသာ ဗလာဖြစ်သွားနိုင်တာပါ။ အဆုတ်ထဲမှာ တစ်ချိန်လုံး လေအနည်းငယ်ရှိနေပါတယ်။ အဲ့ဒါကို Resting Expiratory Level လို့ခေါ်ပြီး အသက် ရှူထုတ်ရာမှာ အသုံးပြုနိုင်ပါတယ်။

လေအားလုံးကို ရှူထုတ်ပြီးတဲ့အခါ ရှူသွင်းဖို့ကို မစဉ်းစားသေးပါနဲ့။ သက်တောင့်သက်သာ နေ ဖို့သာ အရင်ကြိုးစားပါ။ လေတွေ သင့်အဆုတ်ထဲပြန်ဝင်ရောက်လာနေတာကို သတိထားစောင့်ကြည့် ပါ။ ပုခုံးကိုလည်း သက်တောင့်သက်သာထားပါ။ ဒါဟာ အမှန်ကန်ဆုံးအသက်ရှူနည်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်တင်းကြပ်နေတဲ့အခါ ဒီနည်းလမ်းလေးကိုအသုံးပြုပြီး ဖြေ လျော့ဖို့ ကြိုးစားကြည့်သင့်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here