စေ့စပ်လိုက်ပြီဖြစ်တဲ့ Spider Man ဇာတ်ကောင်မင်းသားတွမ်ဟော်လန်နဲ့ ဇန်ဒါယာ

0
46

Spider Man ဇာတ်ကောင်မင်းသားတွမ်ဟော်လန်နဲ့ သူ့ချစ်သူမင်းသမီး ဇန်ဒါယာတို့ဟာ စေ့စပ်လိုက်ပါပြီ။ ဒီသတင်းကို သူတို့စုံတွဲရဲ့မိသားစုအရင်းအမြစ်ကနေ သတင်းဌာနတွေကို အတည်ပြုပေးခဲ့တာပါ။ သတင်းဌာနတွေအရ တွမ်ဟော်လန်က နှစ်သစ်ကူးအားလပ်ရက်တွေတုန်းက ဇန်ဒါယာရဲ့မိသားစုနေအိမ်တွေထဲက တစ်အိမ်မှာ လက်ထပ်ခွင့်တောင်းခဲ့တာလို့ ဆိုထားပါတယ်။

စေ့စပ်ပွဲက ဖြစ်လာတော့မယ်ဆိုတာ သူတို့နဲ့ရင်းနှီးတဲ့လူတိုင်းက သိထားကြတယ်။ ဘယ်တော့လဲဆိုတာပဲ မသိခဲ့တာ။ ဇန်ဒါယာကို လက်ထပ်ခွင့်တောင်းဖို့အတွက် စိတ်အားထက်သန်နေခဲ့တာကြာပါပြီလို့ အရင်းအမြစ်တွေက ဆိုထားပါတယ်။

လက်ထပ်ပွဲနဲ့ပတ်သက်တာကတော့ သူတို့နှစ်ဦး အချိန်ယူဦးမယ်လို့ သိရပါတယ်။ လက်ထပ်ပွဲအတွက် အလျင်စလိုမလုပ်သေးဘူး။ နှစ်ယောက်လုံးက သူတို့အလုပ်နဲ့သူတို့ အလုပ်များနေကြတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၅ ရက်နေ့က ပြုလုပ်တဲ့ 2025 Golden Globes ဆုပေးပွဲမှာ ဇန်ဒါယာရဲ့ဘယ်ဖက်လက်ခလယ်မှာ စိန်လက်စွပ်ဝတ်ဆင်ထားတာတွေ့ရှိခဲ့ပြီးနောက် စေ့စပ်လိုက်တယ်ဆိုတဲ့ သတင်းထွက်ရှိလာခဲ့တာပါ။ အဲ့ဒီလက်စွပ်က ၅.၀၂ ကာရက်ရှိ East-West Cushion Diamond Button Back လက်စွပ်ဖြစ်ပြီး Jessica McCormack အမှတ်တံဆိပ်ကဖြစ်ပြီး စေ့စပ်လက်စွပ်စာရင်းမှာ ပါဝင်ထားပါတယ်။

တွမ်ဟော်လန်နဲ့ ဇန်ဒါယာတို့ဟာ ၂၀၁၆ ခုနှစ်ရဲ့ Spider Man ဇာတ်ကားမှာ အတူတူပါဝင်ပြီးနောက် ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ သူတို့ချစ်သူတွေဖြစ်တယ်ဆိုတာကို ၂၀၂၁ ခုနှစ်မှာ အတည်ပြုပေးခဲ့တာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here