ဆီးချိုရောဂါရှိနေနိုင်တဲ့လက္ခဏာများ

0
68

မကြာခဏရေဆာ၊ ရေငတ်ခြင်း

မကြာခဏဆာလောင်လာခြင်း ( အထူးသဖြင့် အစာစားပြီးနောက်ပိုင်း)

ခံတွင်းခြောက်ခြင်း

ဆီးခဏခဏသွားခြင်း၊ သို့မဟုတ် ဆီးပိုးဝင်ခြင်း

မောပန်းနွမ်းနယ်ခြင်း ( အားနည်းခြင်း၊ ပင်ပန်းနေသလိုခံစားရခြင်း)

အမြင်အာရုံဝေဝါးခြင်း

ခေါင်းကိုက်ခြင်း

ကတုန်ကရင်ဖြစ်ပြီး ဆာလောင်ခြင်း

ဆီးလမ်းကြောင်းပိုးဝင်တာ၊ မှိုပိုးဝင်တာ အဖြစ်များခြင်း

ခြေထောက်ထုံကျဉ်ခြင်း

ထိခိုက်ပွန်းပဲ့ရာတွေ အနာကျက်နှေးခြင်း

ဆီးချိုအစပျိုးအဆင့်

ဆီးချိုအစပျိုးအဆင့်ဟာ သွေးတွင်းသကြားဓါတ်ပုံမှန်ထက်ပိုများနေတာ ဖြစ်ပေမယ့် အမျိုးအစား ၂ဆီးချို အဆင့်တော့မရောက်သေးတာဖြစ်ပါတယ်။ ဆီးချိုအစပျိုးအဆင့်မှာရှိသူတွေမှာ ၅၀ ရာခိုင်နှုန်းနီးပါး အမျိုးအစား၂ ဆီးချိုရောဂါဖြစ်လာနိုင်ပါတယ်။ ဒီအဆင့်မှာရှိသူတချို့မှာ လက္ခဏာမပြတတ်တာကြောင့် ဆီးချိုအဆင့် ရောက်ကာနီးမှ သိသာတတ်ကြပါတယ်။

ဆီးချိုမဖြစ်လာခင် အစပျိုးအဆင့်ရဲ့လက္ခဏာတွေကို သိရှိနိင်မယ်ဆိုရင် အမျိုးအစား၂ ဆီးချိုရောဂါကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်သလို နှလုံးရောဂါလိုမျိုး နောက်ဆက်တွဲရောဂါတွေဖြစ်လာနိုင်ခြေလျော့နည်းစေ မှာဖြစ်ပါတယ်။ အစပျိုးအဆင့်မှာ သွေးတွင်းသကြားဓါတ်ထိန်းညှိနိုင်ဖို့ glycemic index (GI) နည်းတဲ့ အစာအာဟာရတွေက အသင့်တော်ဆုံးဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here