ညစာအတွက် ချက်ပြုတ်ဖို့အချိန်မပေးနိုင်တဲ့အခါမျိုးမှာ ဒီဟင်းလေးကို သတိရလိုက်ပါ။ မယုံနိုင်လောက်အောင် မြန်ဆန်လွယ်ကူပြီး အချိန်နည်းနည်းလေးပေးရုံနဲ့ အရသာရှိပြီး အဟာရပြည့်တဲ့ စွတ်ပြုတ်ပူပူလေးတခွက် ရလာမှာပါ။
ပါဝင်ပစ္စည်းများ
ကြက်ပြုတ်ရည် ၃ ခွက်
ကြက်သွန်ဖြူ ၂ မွှာ ထောင်းထားပါ
ဂျင်းပါးပါးလှီးထားပေးပါ
ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ၁/၂ ဇွန်း သို့မဟုတ် ပုံမှန် ပဲငံပြာရည်
သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
တရုတ်ဟင်းချက်ဝိုင် 1 1/2 ဇွန်း
နှမ်းဆီ ၁/၄ – ၁/၂ လက်ဖက်ရည်ဇွန်း၊
လတ်ဆတ်သော ကြက်ဥခေါက်ဆွဲ 180g
ထိုင်ဝမ်မုန်ညှင်း ၁ စည်း
မွှထားတဲ့ ကြက်သား ၁ ခွက်
ကြက်သွန်မြိတ် ပါးပါးလှီးထားပါ
ဟင်းရည်နဲ့ ပါဝင်ပစ္စည်းတွေကို ဒယ်အိုးတစ်လုံးထဲတွင် ထည့်ပြီး အပူပေးလိုက်ပါ။
အဖုံးအုပ်ပြီး ဆူပွက်လာလျှင် အလယ်အလတ်သို့ လျှော့ချပြီး အနံ့အရသာများ စိမ့်ဝင်စေဖို့ ၈-၁၀ မိနစ်ခန့် ဆူအောင်တည်ထားပေးပါ။
ပြီးရင် မုန်ညှင်းနဲ့ခေါက်ဆွဲကို ပြုတ်ပေးပါ။ ခေါက်ဆွဲတွေကို ပန်းကန်လုံးထဲ ထည့်ပါ။
အပေါ်က ကြက်သားနဲ့ ပြုတ်ထားတဲ့မုန်ညှင်း ၊ ဟင်းချိုတို့ ထည့်ပြီး ကြက်သွန်နီမြိတ် ဖြူးလိုက်ပါ။
အစပ်ကြိုက်ရင်တော့ ငရုပ်သီးငပိ သို့မဟုတ် ငရုပ်သီးစိမ်းတို့လည်း ထည့်ပြီးစားလို့ရပါသေးတယ်။