ဉာဏ်ရည်တုနည်းပညာသုံး အိမ်ခြံမြေအကျိုးဆောင်က ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖိုး အကျိုးဆောင်ပေးနိုင်ခဲ့

0
51

ပေါ်တူဂီနိုင်ငံမှ ဉာဏ်ရည်တုနည်းပညာသုံး အိမ်ခြံမြေအကျိုးဆောင်ရဲ့ အိမ်ခြံမြေ ရောင်းချရမှုပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရှိလာခဲ့ပါပြီ။ eSelf AI ကုမ္ပဏီနဲ့ ပေါ်တူဂီနိုင်ငံမှ ထိပ်တန်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း Porta da Frente Christie တို့ ပူးပေါင်းဖန်တီးခဲ့တဲ့ ဉာဏ်ရည်တုနည်းပညာသုံး အိမ်ခြံမြေအကျိုးဆောင်ဟာ အိမ်ခြံမြေလုပ်ငန်းကို အပြောင်းအလဲ ဖြစ်စေခဲ့ပြီး ဖောက်သည်တွေကို ၂၄ နာရီပတ်လုံး ဝန်ဆောင်ပေးလျက် ရှိပါတယ်။

ဉာဏ်ရည်တုနည်းပညာသုံး အိမ်ခြံမြေအကျိုးဆောင်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က စတင်အသုံးပြုခဲ့တာဖြစ်ပြီး အိမ်ခြံမြေပေါင်း ၅၀၀၀ ကျော်ရဲ့ အသေးစိတ် အချက်အလက်တွေကို လျင်မြန်စွာ ရှာဖွေပေးနိုင်တာကြောင့် ဝယ်လက်တွေအတွက် အချိန်ကုန် သက်သာစေပါတယ်။

ဈေးကွက်ကို အချိန်နဲ့တပြေးညီ ခွဲခြမ်းစိတ်ဖြာနိုင်ပြီး နည်းပညာမြင့် အယ်ဂိုရစ်သမ်စနစ် ထည့်သွင်းထားတာကြောင့် ဝယ်လက်တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် အိမ်ခြံမြေတွေကို ရှာဖွေပေးရာမှာ ပိုမိုထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here