တင်ပါးကြီးတယ်ထင်ရအောင်ဘယ်လိုဝတ်စားမလဲ

0
34

တင်ပါးလေးသေးပြီးဆွဲဆောင်မှုမရှိဘူးလို့ထင်နေရင်အလွယ်ဆုံးနည်းလမ်းကတော့အဝတ်အစားပါပဲ။

တင်ပါးကြီးအောင်လေ့ကျင့်ခန်းတွေလုပ်ရတာမလွယ်ပါဘူး။နေ့တိုင်းလုပ်နိုင်မှအကျိုးသက်ရောက်မှုရှိ တာပါ။

အချိန်တော်တော်ယူပြီးမှတင်ပါးမှာလေး နဲနဲကြီးလာတာမို့အလွယ်တကူဖက်ရှင်ကိုအသုံးချပြီး မျက်လုံးတွေကိုလှည့်စားလို့ရပါတယ်။

1 ဘောင်းဘီရွေးချယ်မှု

ဘောင်းဘီရွေးချယ်မှုမှန်ကန်ရပါမယ်။သေချာရွေးချယ်ဝတ်တတ်ရင်တင်ပါးလေးလုံးဝန်းပြီးလှနေမှာပါ။

– ဘောင်းဘီအကျပ်တွေဝတ်ပါ။ဘောင်းဘီအပွတွေဝတ်ရင်တင်ပါးဘယ်လိုမှမပေါ်နိုင်ပါဘူး။ skinny jean တွေကတင်ပါးကိုပင့်တင်ပေးနိုင်လို့ရှိရင်းစွဲဆိုဒ်ထက်ပိုကြီးတယ်လို့ထင်ရစေပါ တယ်။

– တင်ပါးနေရာမှာအိပ်ကပ်ပါတဲ့ဘောင်းဘီကိုရွေးချယ်ပါ။အိပ်ကပ်သေးတဲ့ဘောင်းဘီကိုရွေးဝယ်ပါ။အိပ်ကပ်မပါတဲ့ဘောင်းဘီတွေနဲ့အိပ်ကပ်အကြီးကြီးတွေပါတဲ့ဘောင်းဘီတွေက တင်ပါးကိုကြီးတယ်လို့မထင်ရစေပါဘူး။

– ခါးထိဖုံးတဲ့ဘောင်းဘီတွေကိုဝတ်ပေးခြင်းအားဖြင့်လဲအထောက်အကူပြုပါတယ်။ဗိုက်မှာအဆီ ရှိရင်လဲဖုံးထားလို့ရတာပေါ့နော်။

2 ခါးသိမ်အောင်လုပ်ခြင်း

ခါးသိမ်နေရင်တင်ပါးကအလိုလိုကြီးတယ်လို့ထင်ရလာမှာပါ။ခါးသိမ်တယ်ထင်ရအောင်လုပ်ဖို့နည်းလမ်း တွေဝေမျှလိုက်ပါတယ်။

– ခါးပတ်ပတ်ပေးခြင်းအားဖြင့်ခါးသိမ်တယ်ထင်ရစေပါတယ်။ခါးပါတ်အပြားအကြီးကြီးတွေက ပိုပြီးသင့်တော်ပါတယ်။

– ဗိုက်ချပ်ဘောင်းဘီဒါမှမဟုတ်ခါးစီးတွေပတ်ပေးပြီးလဲခါးသေးအောင်လုပ်လို့ရပါသေးတယ်။

– အပေါ်ပိုင်းကိုအရောင်အရင့်ဝတ်ပေးပြီး အောက်ပိုင်းကိုဘောင်းဘီအရောင်နုဝတ်ပေးပါ။

– စကပ်အကားတွေဝတ်ပေးခြင်းအားဖြင့်လဲခါးသိမ်တယ်ထင်ရစေပြီးတင်ပါးကြီးတယ်လို့ ထင်ရစေမှာပါ။

3 ဒေါက်ဖိနပ်စီးခြင်း

ဒေါက်ဖိနပ်စီးလိုက်တဲ့အခါတင်ပါးကိုအလိုအလျောက်ပင့်တင်ပေးလို့တင်ပါးလေးနောက်ကိုလုံးထွ က်လာစေပါတယ်။ဒေါက်ဖိနပ်စီးတဲ့အခါခါးရိုးကိုမတ်သွားစေပြီးတင်လေးကောက်သွားလို့ဘာအဝတ်အစားဝတ်ဝတ်အရမ်းလှနေမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here