တစ်နှစ်အတွင်း မယုံနိုင်စရာပြောင်းလဲပြီး ပရိသတ်တွေကိုပါ အားပေးစကားဆိုခဲ့တဲ့ ဆယ်လီနာဂိုမက်ဇ်

0
53

2025 Screen Actors Guild ဆုပေးပွဲမှာ ဆယ်လီနာဂိုမက်ဇ်ရဲ့ ပွဲတက်ပုံရိပ်တွေကတော့ ပရိသတ်တွေကြား လူပြောများခဲ့ပါတယ်။ ဆယ်လီနာဂိုမက်ဇ်က တစ်နှစ်အတွင်း မယုံနိုင်စရာ ဝိတ်ချနိုင်ခဲ့တာဖြစ်ပြီး သူ့ဓာတ်ပုံတွေက လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့တာပါ။ လွန်ခဲ့တဲ့တစ်နှစ် ပွဲတက်စဉ်က ဝိတ်တက်နေတဲ့ဓာတ်ပုံတွေနဲ့ နှိုင်းယှဉ်ဖော်ပြမှုတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဆယ်လီနာဂိုမက်ဇ်ရဲ့ ညာဘက်လက်ပြင်အောက်မှာ ကိုယ့်ကိုယ်ကိုယ် ချစ်ပါလို့ အာရေဗီ ဘာသာစကားနဲ့ တက်တူး ထိုးထားတာ တွေ့ရပြီး သူ့လို အခြေအနေမျိုး ဖြတ်သန်းနေရသူတွေအတွက်လည်း အားပေးစကားပြောသွားခဲ့ပါတယ်။ ” ဝမ်းနည်းစရာ အခြေအနေ ကြုံနေရသူတွေကို အားပေးချင်ပါတယ်။ အဲဒီလို ဖြတ်သန်းနေရချိန်မှာ ပကတိအခြေအနေမှန်ကို ဘယ်သူမှ မသိကြပါဘူး။ သင်က လှပပြီး အံ့အားသင့်စရာ ကောင်းသူပါလို့ ကျွန်မ ပြောချင်ပါတယ်” လို့ ဆယ်လီနာဂိုမက်ဇ်က ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here