တရုတ်နိုင်ငံရဲ့ Ya’an Bifengxia Wildlife Zoo က သမားရိုးကျမဟုတ်တဲ့ ကုန်ပစ္စည်းကို ရောင်းချနေတာကြောင့် လူပြောများနေပါတယ်။ အခုဆို အဲ့ဒီတိရစ္ဆာန်ရုံက ဆိုက်ဘေးရီးယားကျားတွေရဲ့ကျင်ငယ်ရည်ကို ရောင်းချနေတာပါ။ ကျင်ငယ်ရည် တစ်ပုလင်းကို ၆.၉၅ ဒေါ်လာဖြင့် ရောင်းချပါတယ်။
ပုလင်းပေါ်က အညွန်းမှာ ကျားကျင်ငယ်ရည်က ဒူလာ၊ ညောင်းညာတာနဲ့ ကြွက်သားနာကျင်တာတွေလို ကျန်းမာရေးအခြေအနေတွေကို ကုသပေးရာမှာ ကူညီပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဝယ်ယူသူတွေကို လှီးထားတဲ့ ဂျင်းနဲ့ ကျင်ငယ်ရည်ကို နာကျင်တဲ့နေရာမှာ မလိမ်းခင် ဝိုင်ဖြူနဲ့ ရောဖို့ပြောထားပါတယ်။ ကျင်ငယ်ရည်က သောက်သုံးလို့ရပေမဲ့ ဓာတ်မတည့်သလိုခံစားရင် ရပ်တန့်သင့်တယ်လို့လည်း ဆိုထားပါတယ်။

တစ်နေ့ကို ကျားကျင်ငယ်ရည်ဘူး နှစ်ပုလင်းအထိ ရောင်းချရတယ်လို့ တိရစ္ဆာန်ရုံဝန်ထမ်းတစ်ဦးက ဆိုထားပါတယ်။
Hubei’s Traditional Chinese Medicine Hospital က ဆေးဝါးပညာရှင်တစ်ဦးကတော့ ဒီထုတ်ကုန်နဲ့ပတ်သက်ပီး ကျားကျင်ယ်ရည်ကို တိုင်းရင်းဆေးအဖြစ် အသိအမှတ်ပြုမထားကြောင်းနဲ့ အဲ့ဒါရဲ့ထိရောက်တဲ့အစွမ်းအာနိသင်နဲ့ပတ်သက်ပြီး အထောက်အထားမရှိကြောင်း ပြောထားပါတယ်။ ကျားကျင်ငယ်ရည်ရောင်းချခြင်းက မျိုးစိတ်ထိန်းသိမ်းမှုအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုရှိနိုင်တယ်လို့လည်း သူက ယုံကြည်ထားပါတယ်။