တရုတ်နိုင်ငံထုတ် Star1စက်ရုပ်က ကမ္ဘာ့အမြန်ဆုံးစက်ရုပ်အဖြစ် စံချိန်တင်

0
68

တရုတ်စက်ရုပ်ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ Star1စက်ရုပ်ဟာ တစ်နာရီကို ၈ မိုင်နှုန်းအထိ ပြေးနိုင်စွမ်းရှိပြီး ကမ္ဘာ့အမြန်ဆုံး ခြေနှစ်ချောင်းစက်ရုပ်လို့ တင်စားခံနေရပါတယ်။ ဂိုဘီသဲကန္တာရထဲမှာ ဖိနပ်ဝတ်ပြီး ပြေးနေတဲ့ Star1စက်ရုပ် ဓာတ်ပုံတွေက ပြီးခဲ့တဲ့လအတွင်း တရုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့တာပါ။

Robot Era ကုမ္ပဏီက ထုတ်လုပ်တဲ့ STAR1 စက်ရုပ်ဟာ အားကောင်းတဲ့ မော်တာတွေနဲ့ ဉာဏ်ရည်တု အယ်လ်ဂိုရစ်သမ်ကို အသုံးပြုထားပြီး သဲမြေ၊ မြက်ခင်းပြင် အစရှိတဲ့ မြေမျက်နှာသွင်ပြင် အမျိုးမျိုးမှာ ပြေးနိုင်စွမ်းရှိပါတယ်။ လူသားပုံစံ ဖန်တီးထားတဲ့ STAR1 စက်ရုပ်ဟာ ၅.၆ ပေမြင့်ပြီး အလေးချိန် ၁၄၃ ပေါင် ရှိပါတယ်။ တစ်စက္ကန့်ကို ၃.၆ မီတာနှုန်း ပြေးနိုင်စွမ်းရှိပြီး ခြေနှစ်ချောင်းစက်ရုပ်တွေထဲမှာ အပြေးအမြန်ဆုံးပါပဲ။

တကယ်တော့ အခုလို စွမ်းဆောင်နိုင်တာဟာ အပြေးဖိနပ်နဲ့လည်း ဆိုင်ပါတယ်။ STAR1 စက်ရုပ် ၂ ရုပ်ကို ယှဉ်ပြေးခိုင်းချိန်မှာ အပြေးဖိနပ် ဝတ်ထားတဲ့ စက်ရုပ်က ပိုပြီးအပြေးမြန်တာကို တွေ့ခဲ့ရတာပါ။ အပြေးဖိနပ် ဝတ်ထားတဲ့ စက်ရုပ်ဟာ တာထွက်နှေးခဲ့ပေမဲ့ ချိုင့်ခွက်တွေကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ခဲ့ပြီး အရင်ပန်းဝင်ခဲ့တာ တွေ့ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here