အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အားလုံးလည်း အကြိုက်တွေ့ကြမယ့် နာမည်ကျော် အစားအစာတစ်ခုဖြစ်တဲ့ တို့ဟူးသုပ် ချဉ်ငံစပ်လေး သုပ်စားကြရအောင်ပါ။
တို့ဟူးကျိုရန်
တို့ဟူးကို အသင့်လုပ်ထားတာ ဝယ်လည်းရပါတယ်။ တကယ်လို့ အိမ်မှာ ကိုယ့်ကိုယ်ချက်ချင်ရင်တော့ အောက်ပါ ပါဝင်ပစ္စည်းတွေလိုအပ်ပါမယ်။

ကုလားပဲအစိမ်းမှုန့် (သို့) ကုလားပဲကို ရေစိမ်ပြီး ကျိတ်ပါ ၁ ဘူးခန့်
နနွင်းမှုန့် အနည်းငယ်
ဆား အနည်းငယ်
သကြား အနည်းငယ်
အချိုမှုန့်အနည်းငယ်
တို့ဟူးကို ကျိုးဖို့အတွက် ကုလားပဲမှုန့်ကို ရေ နဲ့ရောလိုက်ပြီး သမအောင်နယ်လိုက်ပါ။ ပီးရင် သေချာလေး မွှေပေးပါ။ နနွင်းနည်းနည်းထည့်မွေပါ။ အဲဒီနောက် မီးနည်းနည်းနဲ့ ကျိုပေးပါ။ ကျိုမေချိန်မှာ အဆက်မပြတ် မွေထားရပါမယ်။
တို့ဟူးနွေးမပျစ်တပျစ်လေးဖြစ်လာရင် မီးပိတ်လိုက်ပါ။ ပြီးရင် ပန်းတစ်ခုထဲထည့်ပြီး အေးအောင်ထားထားပါ။ တစ်ညလောက်ထားရင်လည်း ရပါတယ်။
တို့ဟူးသုပ် ဖို့ပါဝင်ပစ္စည်းများ

တို့ဟူး ပါးပါးလှီးထား
ဂေါ်ဖီအနည်းငယ်ပါးပါးလှီးပါ
ကြက်သွန်နီဥကြီး ပါးပါးလှီးပါ
နံနံပင် ခပ်ပါးပါးလှီးပါ
ကြက်သွန်ဖြူဆီချက် အနည်းငယ်
မန်ကျဉ်းမှည့် အရည်အနည်းငယ်
ငရုတ်သီးမှုန့် အနည်းငယ်
ပဲငံပြာရည်အကြည်အနည်းငယ်
ပဲငံပြာရည်အနောက် အနည်းငယ်
ပုစွန်ခြောက်မှုန့်အနည်းငယ်
မြေပဲထောင်း အနည်းငယ်
ပြုလုပ်နည်း

တို့ဟူးသုပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေအားလုံးကို သင့်သလို ထည့်လိုက်ပါ။ ပြီးရင် ခပ်ဖွဖွလေးနယ်ပေးပြီး သုံးဆောင်နိုင်ပါတယ်နော်။ နံနံပင်ကို အပေါ်ကနေ ဖြူးထည့်ပေးလိုက်ပါ။ ကဲ တို့ဟူးသုပ် ချဉ်ငံစပ်လေး သုံးဆောင်လို့ရပါပြီနော်။