ထောပတ်ကြက်သားဟင်း

0
51

အိန္ဒိယဟင်းတွေစားရတာကြိုက်တယ်ဆိုရင် ဒီဟင်းကလည်း သင့်အတွက် ချက်ရတာလွယ်ကူပြီး အရသာရှိတဲ့ဟင်းတခွက်ဖြစ်မှာပါ။

ပါဝင်ပစ္စည်းများ

အရေခွံမပါသော ကြက်ရင်အုံ

ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ

ဆားအနည်းငယ်

ငရုတ်ကောင်း အနည်းငယ်

နနွင်း လက်ဖက်ရည်ဇွန်း ½ ဇွန်း

ထောပတ် ၆ ဇွန်းခွဲ

ကြက်သွန်နီ 1 ½ လုံးကို ပါးပါးလှီးထားပါ

မဆလာ လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ဇီယာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Cayenne ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဂျင်း ထမင်းစားဇွန်း ၁ ဇွန်း ကြက်သွန်ဖြူ ၃မွှာ နုတ်နုတ်စင်းထားပါ

သစ်ကြံပိုးခေါက် ၁ ခု၊ ၃ လက်မ (၈ စင်တီမီတာ) ချောင်း

ခရမ်းချဉ်သီးဆော့စ် 14 အောင်စ

ရေ 1 ခွက် Heavy Cream 1 ခွက်

ပြုလုပ်ပုံအဆင့်ဆင့်

ပန်းကန်လုံးကြီးတစ်လုံးထဲမှာ ကြက်သားကို ဆား၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောနယ်ပါ။

အိုးကြီးတစ်လုံးထဲမှာ ထောပတ် ၂ ဇွန်းကို အလယ်အလတ် အပူပေးပြီး အရည်ကျိုပါ။ ကြက်သားထည့်ပြီး အညိုရောင်ပြောင်းတဲ့အထိ ချက်ပြီး အိုးထဲကဖယ်ထားပါ။

နောက်ထပ် ထောပတ် ၂ ဇွန်းကို အရည်ပျော်သွားရင် ကြက်သွန်နီ၊ ဂရမ်မဆလာ၊ ငရုတ်သီးမှုန့် လက်ကျန်လက်ဖက်ရည်ဇွန်း၊ ဇီယာ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ Cayenne ၊ သစ်ကြံပိုးခေါက်၊ ဆား၊ ငရုတ်ကောင်းတို့ကို မွှေးလာသည်အထိ ချက်ပါ။ခရမ်းချဉ်သီးဆော့စ်ကိုထည့်ပြီး ဆူအောင်တည်ထားပြီး ဆူလာရင် ရေနဲ့ ခရင်မ်တို့ကို ထည့်ပြီး ဆူအောင်တည်ထားပါ။

ကြက်သားကို အိုးထဲပြန်ထည့်၊ အဖုံးအုပ်ပြီး နောက်ထပ် 10-15 မိနစ်လောက် တည်ထားပါ။ ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်းကို ရောမွှေပြီး အရသာအတွက် ဆား၊ ငရုတ်ကောင်းတို့နဲ့ ရောမွှေလိုက်ပါ။ ကျက်ပြီဆိုရင် ထမင်းပေါ်တင်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here