အရည်ရွှမ်းတဲ့ အသားကင်နဲ့ ပန်းဂေါ်ဖီစိမ်းကို တွဲချက်ထားတဲ့ ဟင်းလျာက အမေရိကန်မှာ လူကြိုက်အများဆုံး တရုတ်ဟင်းလျာတွေထဲက တစ်ခုပါ။ မြန်မြန်ဆန်ဆန် ချက်လို့လည်းရပြီး ချက်ဖို့လည်း အရမ်းလွယ်ကူပါတယ်။
ပါဝင်ပစ္စည်းများ
ခရုဆီ 1/3 ခွက်
နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
Sherry Wine ၁/၃ ခွက်
ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အမဲသား ၃/၄ ပေါင်ကို ၁/၈ လက်မ အထူအပါးဖြစ်အောင် လှီးဖြတ်ပါ။
ဟင်းရွက်ဆီ 3 ဇွန်း၊
ဂျင်းကိုပါးပါးလှီးထားပါ
ကြက်သွန်ဖြူ ၁မွှာကို အခွံခွာပြီး ထောင်းထားပါ။
ပန်းဂေါ်ဖီစိမ်း ၁ ပွင့်ကို လှီးထားပါ။

ပန်းကန်လုံးတစ်လုံးထဲမှာ ခရုဆီ၊ နှမ်းဆီ၊ Sherry Wine၊ ပဲငံပြာရည်၊ သကြားနဲ့ ပြောင်းဖူးမှုန့်တို့ကို သကြားနှင့် ပြောင်းမှုန့်ပျော်သွားတဲ့အထိ ရောမွှေပေးပါ။ တုံးထားတဲ့အမဲသားအပေါ်ကို ဖျော်ထားတဲ့ Sauce နဲ့နယ်ပြီး ရေခဲသေတ္တာထဲတွင် အနည်းဆုံး မိနစ် 30 လောက် နှပ်ထားပါ။

ဒယ်အိုးကြီးတစ်လုံးထဲမှာ ဟင်းသီးဟင်းရွက်ဆီထည့်ပြီး အပူပေးပါ။ ဂျင်းနှင့် ကြက်သွန်ဖြူတို့ကို ထည့်မွှေပါ။ ဆီပူလာလျှင် အရသာအတွက် ၁ မိနစ်ခန့် နှပ်ထားပြီး ဂျင်းနဲ့ ကြက်သွန်ဖြူကို ဖယ်ထုတ်လိုက်ပါ။ ပန်းဂေါ်ဖီစိမ်းကို ထည့်ပြီး ၅ မိနစ်မှ ၇ မိနစ်ခန့် နူးလာတဲ့အထိ မွှေပေးပါ။ ပြီးရင် ပန်းဂေါ်ဖီစိမ်းကိုထုတ်ပြီး ဖယ်ထားပါ။

ဒယ်အိုးထဲကို ဆီများများထည့်ပါ။ အမဲသားနဲ့ အနှစ်တွေကိုထည့်လိုက်ပါ။ ညိုလာတဲ့အထိ ရောမွှေပြီး ငံပြာရည်ကို နည်းနည်းလေးပျစ်အောင် ၅ မိနစ်ခန့် မွှေပေးပါ။ပန်းဂေါ်ဖီစိမ်းထည့်ပါ။ အသားနဲ့ပန်းဂေါ်ဖီစိမ်းတို့ကို အပူပေးပြီး ၃ မိနစ်ခန့် မွှေပေးပါ။
ဒါဆိုရင်တော့ အရည်ရွှမ်းတဲ့ အသားကင်နှင့်ပန်းဂေါ်ဖီစိမ်းဟင်းက စားဖို့အဆင်သင့်ဖြစ်နေပါပြီ။