နေ့တိုင်း လုပ်စားလို့ရတဲ့ Sandwich

0
43

အားလပ်ရက်တွေမှာ မုန့်လုပ်စားရတာ ကြိုက်တဲ့သူတွေအတွက် ဒီတခါ Sandwich လုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ကြက်သားနဲ့ ခရင်မ်ချိစ် Sandwich

ကြက်ရင်အုံသား အနည်းငယ်

ခရမ်းချဉ်သီး ၁ လုံး

ခရမ်ချိစ် ၃၀ ဂရမ် ( Mayonnaise ကိုလည်း သုံးလို့ရပါတယ်။)

ဆလတ်ရွက်အနည်းငယ်

ဆား၊ ငရုတ်ကောင်းမှုန့်

ပေါင်မုန့် အပြား ၂ ချပ် (သို့) ပေါင်မုန့် ၂ လုံး

ပြုလုပ်နည်း

ကြက်သားကို နှောက်နှောက်စဉ်းပြီး ဆားနဲ့ရောလိုက်ကာ ကြော်လိုက်ပါ။ ရပြီဆိုရင် မီးဖိုပေါ်ကချပါ။ ပေါင်မုန့်ပေါ်မှာ ခရင်မ်ချိစ်လေး ဖြန်းလုက်ပါ။ ပြီးရင် ကြက်သားထည့်ပြီး အပေါ်က ခရမ်းချဉ်သီး ပါးပါးလှီးနဲ့ ဆလတ်ရွက်ထည့်ပါ။ ပြီးရင် နောက်ထပ် Sandwich ပေါင်မုန့်ကို ခရင်မ်ချိစ်လေး သုတ်ပြီး ဆားနဲ့  ငရုတ်ကောင်းမှုန့်ဖြူးကာ အပေါ်က ထပ်တင်လိုက်ပါ။ ပြီးရင် စားလို့ရပါပြီနော်။

Sandwich လုပ်ရာမှာ မိမိကြိုက်နှစ်သက်တဲ့ အသားတွေ ၊ အရွက်တွေ ထည့်လို့ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here