ပြစ်မျိုးမှဲ့မထင်အသားအရေကိုပိုင်ဆိုင်ဖို့အတွက် ပေါင်းတင်နည်းများ

0
31

လှပဖြူစင်တဲ့ ပြစ်မျိုးမှဲ့မထင်အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ မီးဖိုချောင်ထဲမှာအလွယ်တကူရှိနေတဲ့ ပစ္စည်းလေး ကိုသုံးပြီး ပေါင်းတင်နည်းဖော်ပြပေးလိုက်ပါတယ်။

၁။ အသားအရေကို ပြန်လည်နုပျိုလှပလာစေဖို့

ကော်ဖီ (၂) ဇွန်းနဲ့ ပျားရည် (၁)ဇွန်းကို ရောမွှေပြီး မျက်နှာပေါင်းတင်ပါ။
၂။ အသားအရေကို သန့်စင်ကြည်လင်စေဖို့

မချက်ရသေးတဲ့နွားနို့ (၂)ဇွန်းနဲ့ ခရမ်းချဉ်သီးအနှစ်ရည် (၂)ဇွန်းကို ရောမွှေပြီး ညဘက်လိမ်းအိပ်ပါ။
၃။ ဆားဝက်ခြံတွေကို အပြီးသတ်ဖယ်ရှားဖို့

ပျားရည် (၂)ဇွန်းနဲ့ သံပုရာရည် (၁)ဇွန်းကို ရောမွှေပြီး ဆားဝက်ခြံရှိတဲ့နေရာတွေမှာ လိမ်းပါ။
၄။ မျက်နှာအဆီပြန်ခြင်းကို သက်သာစေဖို့

ရှားစောင်းလက်ပပ်အနှစ်ရည် (၂)ဇွန်းနဲ့ နနွင်းမှုန့် (၁) ဇွန်းကို ရောမွှေပြီး မျက်နှာပေါင်းတင်ပါ။
၅။ ချွေးပေါက်ကင်းပြီး ချောမွေ့စေဖို့

သံပုရာရည် (၂)ဇွန်းနဲ့ ကြက်ဥအကာ (၁)ဇွန်းကို ရောမွှေပြီး မျက်နှာပေါင်းတင်ပါ။
၆။ ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့

အုန်းဆီ (၁)ဇွန်းနဲ့ နနွင်းမှုန့် ဇွန်းတစ်ဝက်ကို ရောမွှေပြီး မျက်နှာပေါင်းတင်ပါ။
၇။ ဝင်းမွတ်ဖြူဖွေးတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့

သံပုရာရည် (၂)ဇွန်းနဲ့ ဒိန်ချဉ် (၂)ဇွန်းကို ရောမွှေပြီး မျက်နှာပေါင်းတင်ပါ။
၈။ ဝက်ခြံကင်းစင်ပြီး လှပစေဖို့

ပျားရည် (၁)ဇွန်းနဲ့ သစ်ကြံပိုးခေါက်မှုန့် (၁)ဇွန်းကို ရောမွှေပြီး မျက်နှာပေါင်းတင်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here