Detoxက စျေးကွက်တစ်ခုလို ဖြစ်လာတဲ့အခါကျတော့ နည်းလမ်းတွေလည်း စုံလာပါတယ်၊၊
အချိန်ပိုင်း အစာငတ်ခံတာ
အသီးအရွက်တွေပဲ ကြိတ်သောက်တာ
ကစီဓာတ်လုံးဝဖြတ်ပြီး အသီးအရွက်ပဲစားတာ
Detox ကော်ဖီတွေ၊ ဆေးတွေ၊ ဖြည့်စွက်အာဟာရမှုန့်တွေ သောက်တာ
အူလမ်းကြောင်းဆေးတာ (ဝမ်းနှုတ်ဆေးတွေ သောက်ပြီး ရှင်းတာ များပါတယ်၊၊ အူမကြီး မှန်ပြောင်းကြည့်ခါနီး ကြိုပြင်တာနဲ့ တူပါတယ်၊၊)
ချွေးပုပ်ထုတ်တာ စသဖြင့် မျိုးစုံရှိပါတယ်၊၊

Detox လုပ်တယ်ဆိုတာ နေ့စဉ်စားနေတဲ့ အာဟာရမဖြစ်၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကနေ ခဏနားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်တွေ ဖြစ်တဲ့ ရေများများသောက် အသီးအရွက်များများစားတဲ့ဘက်ကို ခဏပြောင်းလိုက်တာ ဖြစ်ပါတယ်၊၊ ဒါကို အတုယူပြီး နေ့စဉ်စားသောက်တဲ့ထဲမှာ အဆီအစိမ့်တွေ၊ အချိုတွေ၊ အသင့်စားအစားအသောက်တွေကို လျှော့ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပုံစံကို အမြဲစားပေးမယ်ဆိုရင် တကူးတက Detoxလုပ်စရာတောင် မလိုပါဘူး၊၊
စားတိုင်း စားတိုင်းမှာ သတိလေးကပ်ပြီး ပမာဏကို ချင့်ချိန်မယ်၊၊ အာဟာရရှိတာကိုပဲ ရွေးစားမယ်ဆိုရင် Detoxမလုပ်လည်းပဲ ခန္ဓာကိုယ်က သန့်စင်ပြီး ကျန်းမာနေမှာ ဖြစ်ပါတယ်၊၊