တရုတ်နည်းပညာကုမ္ပဏီ Kuickwheel က သူ့ရဲ့ Skyrider X6 လို့ခေါ်တဲ့ ပျံသန်းနိုင်တဲ့ hybrid မော်တော်ဆိုင်ကယ် ကို မိတ်ဆက်ထားပြီး အခုတော့ ယွမ် ၄၉၈,၈၀၀ (အမေရိကန်ဒေါ်လာ ၆၉,၀၀၀ ခန့်) နဲ့ ရောင်းချပေးလိုက်ပါပြီ။
ဒီ Skyrider X6 ကို Kuickwheel ရဲ့ Rictor ဌာနကနေ တီထွင်ခဲ့တာ ဖြစ်ပြီး၊ ဘီးသုံးဘီးပါတဲ့ ကုန်းလေနှစ်သွယ်သွားယာဉ် တစ်မျိုးပါ။ သူက ပုံစံနှစ်မျိုးနဲ့ အလုပ်လုပ်နိုင်ပါတယ်။ မြေပြင်မှာ သွားတဲ့အခါ “reverse trike” ပုံစံ နဲ့ သွားပြီး၊ ပျံသန်းတဲ့အခါမှာတော့ multi-rotor ဒရုန်းတစ်စီးလို ပြောင်းလဲသွားပါတယ်။
မြေပြင်ပေါ်မှာ မောင်းနှင်တဲ့အခါ Skyrider X6 ဟာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၄၃.၅ မိုင် (၇၀ ကီလိုမီတာ) အထိ ရောက်ရှိနိုင်ပြီး မိုင် ၁၂၄ မိုင် (၂၀၀ ကီလိုမီတာ) အထိ သွားလာနိုင်ပါတယ်။ ပျံသန်းတဲ့ ပုံစံမှာတော့ အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၄၄.၇ မိုင် (၇၂ ကီလိုမီတာ) အထိ ရောက်နိုင်ပါတယ်။
ဒီမော်တော်ဆိုင်ကယ်ကို ဘက်ထရီနှစ်မျိုးနဲ့ ရွေးချယ်နိုင်ပါတယ်။ 10.5 kWh ဘက်ထရီ ပါတဲ့ အမျိုးအစားနဲ့ ပိုကြီးတဲ့ 21 kWh ဘက်ထရီ ပါတဲ့ အမျိုးအစားတို့ ဖြစ်ပြီး ပိုကြီးတဲ့ ဘက်ထရီနဲ့ဆိုရင် မိနစ် ၄၀ အထိ ပျံသန်းနိုင်ပါတယ်။
Skyrider X6 မှာ အလိုအလျောက် ပျံတက်ခြင်း၊ ဆင်းသက်ခြင်းနဲ့ လမ်းကြောင်းစီစဉ်ခြင်း စနစ်တွေ ပါဝင်သလို၊ joystick ထိန်းချုပ်စနစ် နဲ့ပါ မောင်းနှင်နိုင်ပါတယ်။ ကာဗွန်ဖိုက်ဘာ ဒြပ်ပေါင်းတွေနဲ့ လေကြောင်းသုံး အလူမီနီယမ် အလွိုင်းတွေ နဲ့ ပြုလုပ်ထားတာကြောင့် ပေါ့ပါးပြီး ဘေးအန္တရာယ် ကင်းရှင်းရေး စနစ်တွေလည်း ထည့်သွင်းထားပါတယ်။