ရာသီစက်ဝန်းအလိုက် လေ့ကျင့်ခန်း ဘယ်လိုလုပ်မလဲ

0
35

ရာသီစက်ဝန်းအလိုက် လေ့ကျင့်ခန်း လုပ်တာကို Cycle syncingလို့ ခေါ်ပါတယ်။ ရာသီစက်ဝန်းနဲ့ ဟော်မုန်းအပြောင်းအလဲအလိုက် လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေကတော့

(၁) Menstrual phase (ရာသီသွေးဆင်းနေတဲ့ရက်)

ရာသီလာနေတဲ့အချိန်မှာလည်း လေ့ကျင့်ခန်းလုပ်လို့ ရပါတယ်။ ဒီရက်တွေမှာ အားနည်းပြီး သက်သောင့်သက်သာ မဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေကိုပဲ လုပ်သင့်ပါတယ်။

ဥပမာ လမ်းလျှောက်တာ၊ အကြောလျှော့တာ၊ ယောဂ၊ pilates စသဖြင့်။ ဒီလိုလုပ်ပေးတာတာက ကိုက်ခဲနာကျင်မှုတွေကို သက်သာစေပါတယ်။ တကယ်လို့ ပင်ပန်းလွန်းလို့ မလုပ်နိုင်ရင်လည်း ပြဿနာမရှိပါဘူး။ ဒီရက်တွေမှာ နားနားနေနေ နေလို့ ရပါတယ်။

(၂) Follicular phase (Day 6-Day 14)

ရှေ့ရက်တွေကထက်စာရင် အားလည်းပြည့်လာသလို ဟော်မုန်းတွေလည်း ပြန်တက်လာပါပြီ။ ဒါကြောင့် အားသုံးရတဲ့ လေ့ကျင့်ခန်းတွေကို စပြီး လုပ်လို့ ရပါပြီ။

ဥပမာ Cardio အပေါ့စား၊ အေရိုးဗစ်၊ ပြေးတာ၊ ရေကူးတာ၊ အပေါ့စား အလေးတွေမတာတွေ လုပ်လို့ ရပါပြီ။

(၃) Ovulation phase (Day 15-Day 17)

ဟော်မုန်းတွေ အတက်ဆုံးအချိန်ဖြစ်တာကြောင့် အားလည်း အရှိဆုံးပါ။ ပြင်းထန်ပြီး အားသုံးရတဲ့ လေ့ကျင့်ခန်းတွေ လုပ်နိုင်ပါတယ်။

ဥပမာ HIIT၊ လက်ဝှေ့ထိုးတာ၊ အလေးမတာ စတာတွေ လုပ်လို့ ရပါတယ်။

(၄) Luteal phase (Day 18-Day 28)

ဟော်မုန်းတွေက အကျဘက်ကို ပြန်ရောက်လာတာကြောင့် အားသိပ်မသုံးရတဲ့ လေ့ကျင့်ခန်းတွေလောက်ပဲ လုပ်ပါ။ မကြာခင်မှာလည်း ရာသီပြန်လာ‌တော့မှာဆိုတော့ အားမွေးထားဖို့ လိုပါတယ်။

Cardio အလယ်အလတ်စား၊ သိပ်မလေးတဲ့ အလေးတွေမတာ၊ ကြွက်သားတက်စေမဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here