လေ့လာမှုတွေအရ သိရတာက ရေနွေးကြမ်းကို ပုံမှန်သောက်သုံးပေးတာက
အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်တယ်
လေဖြတ်နိုင်ခြေကို လျှော့ချပေးတယ်
နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
အမျိုးအစား – ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
သွေးတွင်း ကိုလက်စထရော ကျစေတယ်
သွေးပေါင်ချိန် ထိန်းညှိပေးတယ်
အရောင်ကျစေနိုင်တယ်
သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်
အင်ဆူလင် ထွက်ရှိမှုကောင်းစေဖို့ လုပ်ဆောင်ပေးတယ်
ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးတယ်
ဦးနှောက် ကျန်းမာစေတယ်
မှတ်ဉာဏ်ကောင်းစေတယ် စတဲ့ ကျန်းမာရေး ကောင်းကျိုးလေးတွေကို ရရှိစေနိုင်ပါတယ်။
အခြားသော လေ့လာမှုတွေအရ သိရတာက ရေနွေးကြမ်းက အစာအိမ်၊ အစာရေမြို၊ ခံတွင်း၊ ဆီးကျိတ်၊ အူမကြီး ကင်ဆာတွေ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်တယ်ဆိုပါတယ်။