ကနေဒါမော်ဒယ်နဲ့ ဓာတ်ပုံဆရာတို့ဟာ ဖလော်ရီဒါကမ်းလွန်ဘက် ရေအောက်အနက် ၁၆၃ ပေကျော်မှာ ဓာတ်ပုံရိုက်ပြီး ကမ္ဘာ့ရေအောက်အနက်ဆုံး မော်ဒယ်ဓာတ်ပုံအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။

ကနေဒါမော်ဒယ် အန်တိုစကီးနဲ့ ဓာတ်ပုံဆရာ စတီဗင်ဟိုင်နင်းတို့ဟာ အမေရိကန် ရေငုပ်ကျွမ်းကျင်ပညာရှင် ဝိန်းဖရိုင်းမန်းရဲ့ အကူအညီနဲ့အတူ ၂၀၂၁ ခုနှစ်က ရေအောက်အနက် ၂၁ ပေမှာ ဓာတ်ပုံရိုက်ခဲ့ကြပြီး စံချိန်တင်ခဲ့ဖူးပါတယ်။ အန်တိုစကီးနဲ့ စတီဗင်ဟိုင်နင်းတို့ဟာ ဘိုကာရာတွန်ကမ်းလွန်ဘက်မှာရှိတဲ့ ဟိုက်ဒရိုအတ္တလန္တိတ်သင်္ဘောပျက်မှာ ကိုယ်ဟန်ပြဓာတ်ပုံ ရိုက်ကူးဖို့အတွက် နည်းပညာဆိုင်ရာကို လနဲ့ချီ အချိန်ယူ ပြင်ဆင်ခဲ့ရတာပါ။


သူတို့ဟာ ရေအောက်အနက် ၁၆၃.၃၈ ပေမှာ ကိုယ်ဟန်ပြဓာတ်ပုံရိုက်ပြီး သူတို့ရဲ့စံချိန်ဟောင်းကို ချိုးဖျက်ခဲ့တာပါ။