လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် ကုသမှုခံယူရမလဲ

0
53

လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျန်းမာရေး အခြေအနေ ဆိုပေမယ့် လည်ချောင်းနာတာက ခဏခဏ ဖြစ်မယ် လည်ချောင်းနာတာနဲ့အတူ အခုလို လက္ခဏာတွေ ခံစားလာရမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။

လည်ချောင်းနာတာနဲ့အတူ ခဏခဏ ဖျားမယ် (အဖျားက ၁၀၁ ဒီဂရီနဲ့ အထက် ဖြစ်မယ်)
ကုသမှု ခံယူပေမယ့် မသက်သာဘူးဖြစ်မယ်
အိပ်မရအောင်ကို လည်ချောင်းနာမယ်
အနီရောင် အဖုအပိမ့်တွေ ထွက်လာမယ်
လည်ချောင်းနာတာနဲ့အတူ ခံတွင်းက အနံ့ဆိုးတွေ ထွက်လာမယ်
လည်ချောင်းနာတာနဲ့ အတူ နားထဲက နာမယ်၊ မေးရိုးတွေ နာတာမျိုး ဖြစ်လာမယ်
အမြဲလိုလို အသံဝင်နေမယ်
မျက်နှာနဲ့ လည်ချောင်းမှာ ဖောရောင်တာမျိုး ဖြစ်မယ်
အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန် ကျသွားတာမျိုး ဖြစ်မယ်ဆိုရင် ကုသမှု ခံယူဖို့ လိုပါမယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here