ထမင်းစားသုံးတဲ့အခါ အဓိကဟင်းလျာကလည်း အရေးကြီးသလို အရံဟင်းလျာတွေရဲ့အခန်းကဏ္ဍကိုလည်း မေ့ထားလို့မရပါဘူး။ အရံဟင်းများကလည်း ထမင်းစားမြိန်အောင် ကူညီပေးတာကြောင့် ဒီတစ်ခါမှာတော့ စပ်စပ်လေးနဲ့ အရသာရှိတဲ့ သခွားသီးသနပ်သုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။


ပါဝင်ပစ္စည်းများ
- ဆားရေစိမ်ထားသော သခွားသီး ၃ လုံး
- ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
- ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း တစ်ဝက်
- သကြား စားပွဲတင်ဇွန်းတစ်ဇွန်း
- ငရုတ်သီး တစ်တောင့် (ပါးပါးလှီးထားပါ)
- နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်း
- ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း တစ်ဇွန်း
- လှော်ထားသော နှမ်းစေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်
၁။ သခွားသီးများကို ပါးပါးလှီးထားပါ။
၂။ သခွားသီးများ ဆားဓာတ်ကြောင့် ငန်မသွားဖို့ရန်အတွက် ရေထဲမှာ ဆယ်မိနစ်ခန့် စိမ်ထားလိုက်ပါ။
၃။ ဆယ်မိနစ်ခန့်ပြည့်ပါက ရေများကို ဖယ်ရှားလိုက်ပြီး သခွားများကို လက်ဖြင့် အရည်ညှစ်လိုက်ပါ။
၄။ ထို့နောက် သခွားသီးများကို ပန်းကန်လုံးထဲထည့်လိုက်ပါ။ ငရုတ်သီးမှုန့်၊ သကြား၊ ငရုတ်သီးတောင့်၊ ကြက်သွန်ဖြူနှင့် နှမ်းဆီတို့ထည့်ပြီး သမအောင် နယ်ထားလိုက်ပါ။ ပြီးမှ ကြက်သွန်မြိတ်နှင့် နှမ်းစေ့တို့ကို ထည့်ဖြူးလိုက်ပါ။



ဒါဆိုရင်တော့ အရံဟင်းအဖြစ် စားသုံးနိုင်တဲ့ သခွားသီးသနပ်သုပ် စပ်စပ်လေးကို ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။