Home Stars & Style သူ့ထက် ၁၆ နှစ်ငယ်တဲ့ မင်းသမီးလေးနဲ့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ မင်းသားလီဒေါင်ဂန်း

သူ့ထက် ၁၆ နှစ်ငယ်တဲ့ မင်းသမီးလေးနဲ့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ မင်းသားလီဒေါင်ဂန်း

0
4

အသက် ၄၅ နှစ်အရွယ်ကိုရီးယားမင်းသားချော လီဒေါင်ဂန်းကို မေလ ၂၄ ရက်နေ့က ဆိုးလ်မြို့ရဲ့ဂန်နမ်ရပ်ကွက်မှာ အမျိုးသမီးတစ်ဦးနဲ့ လမ်းအတူတူလျှောက်နေတာကို မြင်တွေ့ခဲ့ရတယ်လို့ SPOTV News က မေလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ချစ်သူစုံတွဲတွေအဖြစ် သူတို့ရဲ့ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေကို အချင်းချင်းမိတ်ဆက်ပေးထားပြီးသားဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

မေလ ၂၉ ရက်နေ့မှာတော့ မင်းသားလီဒေါင်ဂန်းနဲ့ ကောလဟာလထွက်ခဲ့သူက သူ့ထက် ၁၆ နှစ်ငယ်တဲ့ မင်းသမီး ကန်ဟေးရင်းဖြစ်တယ်လို့ SPOTV News အရ သိရပါတယ်။

အဲ့ဒီသတင်းထွက်တဲ့နေ့က လီဒေါင်ဂန်းရဲ့ အေဂျင်စီ W PLUS က “မင်းသားရဲ့ကိုယ်ရေးကိုယ်တာဖြစ်တဲ့အတွက်အတည်ပြုဖို့ ခက်ပါတယ်”လို့ပဲ တုံ့ပြန်ခဲ့ပါတယ်။ မင်းသမီးကန်ဟေးရင်းရဲ့ အေဂျင်စီ ANDMARQ ကလည်း “အတည်ပြုဖို့ခက်တယ်”လို့ အလားတူစွာပြောကြားထားပါတယ်။

မင်းသားလီဒေါင်ဂန်းက မင်းသမီး ဂျိုယွန်းဟီးနဲ့ ၂၀၁၇ မှာ လက်ထပ်ခဲ့ဖူးပါတယ်။ သူနဲ့အတူ သမီးလေးတစ်ယောက်လည်းရထားပါတယ်။ လက်ထပ်ပြီး ၃ နှစ်အကြာမှာ ကွာရှင်းခဲ့ကြတာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here