အချိန်မရှိသူတို့ စာပိုဖတ်နိုင်ဖို့ နည်းလမ်း (၂) မျိုး

0
52

ဒီနေ့ခေတ်မှာ အချိန်ရှားခြင်းကလည်း ပြဿနာတစ်ခုဖြစ်လာနေပါတယ်။ ကိစ္စဝိစ္စတွေ သိပ်များတာကြောင့် တချို့စာဖတ်ဝါသနာအိုးတွေတောင် တစ်လနေလို့ စာတစ်အုပ်မဖတ်ဖြစ်ကြတာတွေ ရှိပါတယ်။ ဒီတော့ အချိန်အား မရသူတွေအဖို့ စာ‌ပိုဖတ်ဖြစ်စေဖို့ စာဖတ်နည်းတစ်ချို့ ဝေငှလိုက်ပါတယ်။

(၁) အမြန်ချုံ့ဖတ်ကြည့်ပါ

Photo: The Today Show

စာအုပ်ကို Scan ဖတ်လိုက်သလို ပါပဲ။ လှန်ကာလှောကာနဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ၊ နံပါတ်နဲ့ နာမည်တွေကိုပဲ ကြည့်သွားပြီး အသေးစိတ်အချက်အလက်တွေ ကျော်ဖတ်တာ ဖြစ်ပါတယ်။ ဒီနည်းကို စာဖတ်သမားတွေ စာအုပ်ဆိုင်မှာ စာအုပ်ဝယ်ဖို့ ဆုံးဖြတ်တဲ့နေရာမှာ သုံးလေ့ရှိပါတယ်။

Scanning နည်းနဲ့ စာအမြန်ဖတ်တော့မယ်ဆိုရင် ဒီစာအုပ်ကို ဘာရည်ရွယ်ချက်နဲ့ ဖတ်သလဲဆိုတာ သိဖို့ လိုပါတယ်။ ဘယ်လိုအချက်အလက်တွေပဲ ရယူမယ်ဆိုတာ ပိုင်းဖြတ်ထားဖို့ လိုပါတယ်။ နောက်ဆုံးတစ်ချက်က ဒီထဲက သတင်းအချက်အလက်ကို ဘယ်လိုစီစဉ်ထားသလဲဆိုတာ နားလည်ဖို့ လိုပါတယ်။

(၂) ကျော်ဖတ်ကြည့်ပါ

Photo: Unsplash

ဒီနည်းကို Skimming လုပ်တယ်လို့ ပြောကြပါတယ်။ Scanning နည်းနဲ့ မတူတာက စာထဲက အသေးစိတ်အချက်အလက်တွေ မရှာရသေးခင် အကြောင်းအရာရဲ့ အဓိကအိုင်ဒီယာက ဘာလဲဆိုတာ ဆွဲထုတ်တာ ဖြစ်ပါတယ်။ သရုပ်မှန်ဝတ္ထုတွေနဲ့ ရသစာအုပ်တွေကို ဖတ်တဲ့အချိန်မှာ သုံးလေ့ရှိပါတယ်။

Skimming လုပ်ပြီး ဖတ်တဲ့အချိန်မှာ ပေးချင်တဲ့ မက်ဆေ့ ဒါမှမဟုတ် နောက်ကွယ်က အတွေးအခေါ်က ဘာလဲ သိအောင် လုပ်ပါတယ်။ ဒီလို မက်ဆေ့ပေးပါတယ်ဆိုပြီး ပြောနိုင်အောင် ဘယ်အချက်တွေက ထောက်ပံ့သွားပါတယ်ဆိုတာ ကြည့်ပါတယ်။ ဒီနည်းကို စိမ်ပြေနပြေ နဲ့ ဖတ်ပြီး စဉ်းစားရတဲ့ သုတေသနစာတမ်းတွေ နဲ့ ဝတ္ထုကြီးတွေ ဖတ်ရာမှာ မသုံးတာ ကောင်းပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here