အဆစ်ရောင်နာရှိသူတွေအတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! ဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။
ရေနွေးကြမ်း
ရေနွေးကြမ်း သောက်တာက ကျန်းမာရေးကောင်းကျိုးများပါတယ်။ အထူးသဖြင့် အဆစ်ရောင်ရောဂါရှိသူတွေ မှာပေါ့။ လက်ဖက်စိမ်းရေနွေးကြမ်းက အရောင်ကျစေနိုင်ပြီး အခြားအခြားသော အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့် အဆစ်ရောင်တာကို သက်သာစေဖို့ဆိုရင်တော့ နေ့စဉ်ပုံမှန် ရေနွေးကြမ်း သောက်ပေးလို့ ရပါတယ်။ အဆစ်ရောင် ရောဂါအတွက် ဆေးတွေ သောက်နေရတယ်ဆိုရင် ဆေးနဲ့ ၂နာရီလောက် အချိန်ခွာ သောက်ပါ။

နွားနို့
အဆစ်ရောင်တာကို သက်သာစေဖို့ဆိုရင် နွားနို့သောက်ပေးလို့ ရပါတယ်။ နွားနို့မှာ ကယ်လ်ဆီယမ်၊ ပရိုတင်း နဲ့ ဗီတာမင် D တွေပါဝင်နေတာက အရိုးအဆစ်တွေကို ကျန်းမာစေပြီး အဆစ်နာတာကို သက်သာစေနိုင်ပါတယ်။ သွေးတွင်းအဆီဓာတ်များသူဆိုရင် အဆီထုတ်ထားတဲ့ နွားနို့ကို သောက်ပေးပါ။ အဆစ်ရောင် ရောဂါအတွက် ဆေးတွေ သောက်နေရတယ်ဆိုရင် ဆေးနဲ့ ၂နာရီလောက် အချိန်ခွာ သောက်ပါ။

ကော်ဖီ
ကော်ဖီက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေပြီး အရောင်ကျစေနိုင်ပါတယ်။ Polyphenols ပါဝင်နေတာက အဆစ်ကဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အဆစ်ရောင် ရောဂါအတွက် ဆေးတွေ သောက်နေရတယ်ဆိုရင် ဆေးနဲ့ ၂နာရီလောက် အချိန်ခွာ သောက်ပါ။

သစ်သီးဖျော်ရည်တွေ
သစ်သီးဖျော်ရည်တွေက အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး အရောင်ကျတာကို သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အဆစ်ရောင်တာကို သက်သာစေဖို့ သစ်သီးဖျော်ရည်တွေကို သောက်ပေးလို့ ရပါတယ်။ သကြားလျှော့ဖို့ လိုပါတယ်။

ဝိုင်နီ
ဝိုင်နီမှာ resveratrol လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေတာက အရောင်ကျတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အဆစ်ရောင်တာကို သက်သာစေဖို့ဆိုရင် တစ်နေ့ကို ဝိုင်နီ တစ်ခွက်စာလောက် သောက်ပေးလို့ ရပါတယ်။

(ဒါကတော့ စာအရ ပြောတာပါ။ နဂိုတည်းက အရက်မသောက်တတ်တဲ့ သူတွေကတော့ အဆစ်ရောင်တာ သက်သာအောင်ဆိုပြီး ဝိုင်ကို အစလုပ်ပြီး မသောက်ပါနဲ့။ ဝိုင် မသောက်ဘဲ အန္တရာယ်ကင်းကင်းနဲ့ အဆစ်ရောင် သက်သာစေတဲ့ နည်းတွေ အများကြီး ရှိပါတယ်။ အရက်က အဆစ်ရောင်ရောဂါအတွက် သောက်နေရတဲ့ ဆေးတွေနဲ့ ဓာတ်ပြုနိုင်လို့ပါ။)
အဆစ်ရောင်တာကို သက်သာစေဖို့ အခုလို အစားအစာလေးတွေကို စားပေးလို့ ရပါတယ်။ အဆစ်ရောင်တာ ကြောင့် နေ့စဉ်ဘဝမှာ ထိခိုက်မှု ကင်းစေဖို့အတွက် အခုလို သောက်စရာလေးတွေကို သင်ပေးလို့ ရပါတယ်။