အရက်နာကျတဲ့ မနက်ခင်းမှာ သောက်သင့်တဲ့ အရည်များ

0
48
Shake Shack lemonade drinks with lemon and lime slices, lychees, blackberries, and strawberries

ညလုံးပေါက် အရက်သောက်ပြီး နောက်နေ့မနက်မှာ အရက်နာကျတဲ့ ခံစားချက်ကတော့ အဆိုးဆုံးပါပဲ။ဒါတွေသက်သာစေဖို့နောက်မနက်မှာသောက်ပေးနိုင်မယ့်အရည်များကိုဖော်ပြပေးလိုက်ပါတယ်။

၁။ ရေ

အရက်သောက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမယ်။ မနက်နိုးလာတဲ့အခါမှာ ခေါင်းမူးခေါင်းကိုက်ပြီး အန်ချင်သလို ဖြစ်နေမယ်။ အကောင်းဆုံးကတော့ မနက်နိုးလာတာနဲ့ ရေတစ်ခွက် အပြည့်သောက်လိုက်ပါ။ လက္ခဏာ ပိုပြီးမဆိုးလာစေဖို့နဲ့ ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။

၂။ အားဖြည့်အချိုရည်

ပုံမှန်အရတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဖျော်ရည်ဖြစ်ပေမယ့် အရက်နာကျတာကို သက်သာစေတဲ့ အရည်ထဲမှာ တစ်ခုအပါအဝင်ပါပဲ။ အားဖြည့်အချိုရည်တွေမှာ ပါဝင်တဲ့ သကြားဓာတ်နဲ့ ရေဓာတ်ဟာ ခန္ဓာကိုယ်မှာ အရက်ကြောင့် စုမိနေတဲ့ အဆိပ်အတောက်တွေကို ဆီးအဖြစ် စွန့်ပေးနိုင်ပြီး ခေါင်းကြည်လင်စေပါတယ်။

၃။ ရေနွေးကြမ်း

စိတ်ကိုကြည်လင်လန်းဆန်းစေတဲ့ လတ်လတ်ဆတ်ဆတ် ရေနွေးကြမ်းပူပူလေးဟာ အရက်နာကျနေတဲ့ မနက်ခင်းအတွက်တော့ အကောင်းဆုံး ဓာတ်စာပါပဲ။ ဗိုက်အောင့်တာ၊ လေပွတာ၊ မူးဝေအော့အန်တာကို သက်သာစေတယ်။ ရေနွေးကြမ်းအစား ဂျင်းပြုတ်ရည်ကို သောက်ပေးရင်လည်း အဆင်ပြေပါတယ်။

၄။ သစ်သီးဖျော်ရည်

သစ်သီးကို လတ်လတ်ဆတ်ဆတ်ကြိတ်ပြီး ရလာတဲ့ ဖျော်ရည်ဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစေပြီး ကိုယ်တွင်းမှာရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။ ရေဓာတ်ပါဝင်လို့ အရက်သောက်ပြီး ရေဓာတ်ခမ်းခြောက်တာအတွက်လည်း ပူစရာမလိုတော့ပါဘူး။

၅။ ကော်ဖီ

တစ်ညလုံးအပြတ်ကဲပြီး မနက်မိုးလင်းလာတော့ အားမရှိပဲ နုံးချိနေတာ သဘာဝပါပဲ။ ပူပူနွေးနွေး ကော်ဖီတစ်ခွက်သောက်လိုက်ပါ။ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးတယ်။ ကဖင်းဓာတ်ကြောင့် လူကို လန်းဆန်းစေပြီး ခေါင်းမူးခေါင်းကိုက်တာတွေ သက်သာစေတယ်။ အားအင်ဖြစ်စေနိုင်ပါတယ်။

၆။ ဒိန်ချဉ်

အရက်သောက်ပြီး မနက်ခင်းမှာ လိုအပ်တဲ့ အာဟာရဓာတ်ကတော့ ပိုတက်စီယမ်ဓာတ်ပါပဲ။ ဒိန်ချဉ်ဟာ အစာကြေလွယ်စေပြီး ဝမ်းမှန်စေတယ်။ အာဟာရဓာတ်လည်း ကြွယ်ဝတယ်။ ငှက်ပျောသီးကို အတုံးလေးလှီးပြီး ဒိန်ချဉ်နဲ့အတူ ထည့်စားပေးနိုင်ရင် အကောင်းဆုံးပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here