အသက် ၁၅ နှစ်အရွယ် ဖိလစ်ပိုင် ကျောင်းသားက စမတ်ဖုန်းကို အားသွင်းပေးနိုင်တဲ့ ရှူးဖိနပ်ကို တီထွင်

0
3

အသက် ၁၅ နှစ်အရွယ် ဖိလစ်ပိုင် ကျောင်းသား Angelo Casimiro က လမ်းလျှောက်တာနဲ့ စမတ်ဖုန်းကို အားသွင်းပေးနိုင်တဲ့ ရှူးဖိနပ်ကို တီထွင်လိုက်ပါတယ်။ သူ့ရဲ့ စမတ်ခြေနင်းပြားမှာ ပြေးတာ၊ လမ်းလျှောက်တာလို ရွေ့လျားစွမ်းအင် ကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ Piezoelectric ဒြပ်ထုကို အသုံးပြုထားပါတယ်။ အဲဒီကနေ ရတဲ့ လျှပ်စစ်စွမ်းအင်ကို စမတ်ဖုန်းလို သေးငယ်တဲ့ အီလက်ထရောနစ် ကိရိယာတွေအတွက် USB ကနေ အားသွင်းပေးနိုင်ပါတယ်။

May be an image of 1 person, shoes, phone and text that says 'ER What if your sneakers could charge your phone This 15- 15-year-old made it happen EUCORNER RNER SCIENCE AND URE PAGE'

ရှူးဖိနပ်ကနေ ရတဲ့ လျှပ်စစ်စွမ်းအင်ဟာ သန့်ရှင်းပြီး ရေရှည်တည်တန့်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေပါဘူး။ စမ်းသပ်ကြည့်တဲ့အခါ ရှူးဖိနပ်ဝတ်ပြီး ဘတ်စကတ်ဘော ၂ နာရီ ကစားရင် ဖုန်းကို ၁၀ မိနစ်ဝန်းကျင် အသုံးပြုနိုင်ပါတယ်။ ဒါဟာ မပြောပလောက်တဲ့ လျှပ်စစ်စွမ်းအင် ပမာဏ ဖြစ်ပေမယ့် အနာဂတ်မှာ ဒီနည်းပညာဟာ အသုံးဝင်လာမှာပါ။ အထူးသဖြင့် လျှပ်စစ်ဓါတ်အား မရတဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ နေထိုင်သူတွေအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။

A Look at Energy-Harvesting Shoes and Insoles - NatNavi

Wearables လို့ခေါ်တဲ့ ချပ်ဝတ်တန်ဆာ ကွန်ပြူတာတွေဟာ လက်ရှိမှာ ခေတ်စားနေပါတယ်။ ဒါပေမယ့် အဲဒီ ကိရိယာတွေကို အားသွင်းရပါတယ်။ အနာဂတ်မှာတော့ လူတွေဟာ ကိုယ့်ရဲ့ အီလက်ထရောနစ် ကိရိယာတွေအတွက် ကိုယ်တိုင် သန့်ရှင်းတဲ့ စွမ်းအင်ကို ထုတ်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here