ဇွန်လ ၁၅ ရက်နေ့က အဖေများနေ့ဖြစ်တဲ့အတွက် အခြားအနုပညာရှင်တွေလိုပဲ နာမည်ကြီးတရုတ်မင်းသမီး ဖန်ဘင်းဘင်းကလည်း လူမှုကွန်ယက်ပေါ်မှာ အဖေများနေ့ပို့စ်တစ်ခုတင်ခဲ့ပါတယ်။ သူ့မိဘနဲ့အတူ ရိုက်ထားတဲ့ ရှားပါးဓာတ်ပုံနဲ့အတူ “ပျော်ရွှင်ဖွယ်အဖေများနေ့ပါ။ အဖေများအားလုံးကို ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ အကောင်းဆုံးအဖေ၊ အသန်မာဆုံးပံ့ပိုးပေးသူ”လို့ ရေးသားဆုတောင်းခဲ့တာပါ။

ဖန်ဘင်းဘင်းရဲ့ဖခင်ပုံက လူမှုကွန်ယက်အသုံးပြုသူတွေကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ ဖန်ဘင်းဘင်းရဲ့အဖေက အသက် ၇၄ နှစ်ရှိပြီဖြစ်ပေမဲ့ သူ့ရဲ့ငယ်ရွယ်နုပျိုမှုကြောင့် လူမှုကွန်ယက်အသုံးပြုသူတွေရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တာပါ။
ဖန်ဘင်းဘင်းရဲ့ အသက် ၂၅ နှစ်အရွယ်မောင်လေး အဆိုတော် ဖန်ချန်ချန်နဲ့ တစ်ပုံစံတည်းပဲလို့ လူမှုကွန်ယက်အသုံးပြုသူတချို့က ထောက်ပြကြပါတယ်။ အသက် ၇၀ ကျော်ဆိုတာကို လူမှုကွန်ယက်အသုံးပြုသူတချို့က မယုံကြည်နိုင်ဖြစ်ခဲ့ကြပါတယ်။ အသက် ၄၀ လို့ပြောရင်တောင် ယုံဦးမယ်လို့ ဆိုကြပါတယ်။