အသားအရေကို ကြည်လင်ဝင်းပစေဖို့အတွက် ကူညီပေးမယ့် ဖျော်ရည် ( ၅ ) မျိုး

0
35
Shake Shack lemonade drinks with lemon and lime slices, lychees, blackberries, and strawberries

တောက်ပတဲ့ အသားအရေကို လိုချင်ရင်တော့ အဆီနည်းပြီး အာဟာရ များများပါတဲ့ အစားအသောက်တွေကို ရွေးချယ် စားသုံးဖို့တော့ လိုပါတယ်။အသီးအနှံတွေကို စားသုံးပေးတာက အသားအရေအတွက် အကောင်းဆုံးလုပ်ဆောင်မှုတစ်ခုဖြစ်ပြီး တောက်ပတဲ့ အသားအရေကို ရရှိဖို့ ကူညီပေးနိုင်ပါတယ်။

Beetroot Juice

ဖောလစ်အက်ဆစ်၊ မဂ္ဂနီဆီယမ်၊ သံ၊ ပိုတက်စီယမ်၊ ဇင့်နှင့် ကြေးနီတို့ ကြွယ်ဝစွာပါရှိတဲ့ Beetroot Juice ဟာ ရောင်ရမ်းမှုကိုလည်း လျှော့ချပေးတဲ့အပြင် ဗီတာမင် A၊ C နဲ့ K တို့လည်း ပါရှိပါတယ်။ သွေးကို သန့်စင်စေပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးသောကြောင့် အကောင်းဆုံးရွေးချယ်မှုတစ်ခုအဖြစ် ရွေးချယ် သောက်သုံးနိုငိ်ပါတယ်။

Tomato Juice

Tomato Juice ကို ပုံမှန်သောက်သုံးပေးတာက သင့်အသားအရေကို ကြည်လင်တောက်ပစေမှာ အသေအချာပါပဲ။ အက်ဆစ်ဓာတ်ပါတဲ့ ဒီဖျော်ရည်ကို ပျားရည်အနည်းငယ် ဖျော်ရည်ထဲထည့်ဖျော်ပြီး မနက်စာ ဒါမှမဟုတ် မနက်စာနဲ့ အတူသောက်လို့ရပါတယ်။

Carrot Juice

မုန်လာဥနီဟာ အမြင်အာရုံကို တိုးတက်ကောင်းမွန်စေရုံသာမက ဖျော်ရည်အနေနဲ့ သောက်ပေးရင် အသားအရေ အတွက်လည်း ကောင်းမွန်ပါတယ်။ antioxidants အများအပြားပါရှိတာကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။

Orange Juice

လိမ္မော်သီးဖျော်ရည်မှာ ကော်လာဂျင်နဲ့ Elastin ဖြစ်ပေါ်မှုကို ကူညီပေးတဲ့ citric acid ပါ၀င်တာကြောင့် အသားအရေကို တင်းတင်းရင်းရင်းနဲ့ နုပျိုနေစေဖို့ ကူညီပေးပါတယ်။ ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ အသားအရေ မွဲခြောက်နေတယ်ဆိုရင် ဒီဖျော်ရည်က အသင့်တော်ဆုံးပါဘ

Spinach Juice

အစိမ်းစားတာသောက်ရတာကို အများစုက မကြိုက်ကြပေမယ့် ဟင်းနုနွယ်ရွက်ဖျော်ရည်အစိမ်းသောက်တာက သင့်အသားအရေ၊ ကျန်းမာရေးနဲ့ ဆံကေသာအတွက် တကယ်ကို အံသြစရာကောင်းလောက်အောင် အကျိုးရှိစေပါတယ်။ ဗီတာမင် A, C နှင့် E တို့ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းနုနွယ်ရွက်ဖျော်ရည်ဟာ အရသာ မကောင်းပေမယ့် အသားအရေကို ကြည်လင်စေတဲ့ အစွမ်းထက်သောဖျော်ရည်တစ်မျိုးပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here