အာလူး ကြက်ဥဟင်း

0
69

အာလူး ကြက်ဥဟင်းက ချက်ပြုတ်ရတာ ရိုးရိုးရှင်းရှင်းလေးဆိုပေမယ့် အရသာကတော့ ဂွတ်ရှယ်ပါပဲ။ ထိုအာလူးကြက်ဥဟင်း ချက်ပြုတ်နည်းကို အစားအသောက်ချစ်သူတို့အတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်ဥ ၄ လုံး
ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
ကြက်သွန်နီ ၂ ဥ (ပါးပါးလှီးထားပါ)
ခရမ်းချဉ်သီး အကြီး ၂ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
ထောင်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ



နနွင်းမှုန့်နှင့် ဆား အနည်းငယ်
မဆလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
အာလူး ၄ လုံး (အခွံခွာပြီးနောက် မိမိစိတ်ကြိုက်အရွယ်အစား တုံးထားပါ)
နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥများကို ပြုတ်ထားပြီး အခွံခွာထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ကြက်သွန်နီထည့်ကာ ဆီသတ်ပါ။ ထို့နောက် ဂျင်းထပ်ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၃။ ဒယ်အိုးထဲသို့ ခရမ်းချဉ်သီးနှင့် နနွင်းမှုန့် ဆားတို့ထည့်ကာ ခရမ်းချဉ်သီးက အရည်ထွက်လာသည်အထိ တည်ထားလိုက်ပါ။

၄။ ထို့နောက် ငရုတ်သီးမှုန့်နှင့် မဆလာတို့ထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် မွှေကြော်ပါ။

၅။
အာလူး ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေပေးလိုက်ပါ။ ထို့နောက် အာလူး နူးအိဖို့ရန်အတွက် ရေအနည်းငယ်ထည့်ကာ ဒယ်အိုးအဖုံးအုပ်ထားပြီး ပွက်ပွက်ဆူလာသည်အထိ တည်ပါ။

၆။ အာလူး ကျက်သွားပြီဆိုရင်တော့ ကြက်ဥပြုတ်များထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၇။ ဟင်းရည်ခမ်းသွားသည်အထိ တည်ပြီးတဲ့အခါမှာတော့ မီးဖိုပေါ်က ချခါနီးကျမှ နံနံပင် အနည်းငယ် ထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူး ကြက်ဥဟင်းတစ်ခွက် ရရှိသွားပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here