အိမ်မွေး တိရိစ္ဆာန်တွေအတွက် ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း

0
63

နည်းပညာ အသစ်အဆန်းတွေကို ပြသတဲ့ Mobile World Congress (MWC) စတင်နေပြီ ဖြစ်ပြီး အံ့အားသင့်စရာကောင်းတဲ့ နည်းပညာတွေကို တွေ့မြင်နေကြရပါပြီ။

အဲဒီ နည်းပညာ ပြပွဲမှာ PetPhone လို့ အမည်ပေးထားတဲ့ အိမ်မွေး တိရိစ္ဆာန်တွေအတွက် ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းကို ClocalMe က ပြသလိုက်ပါတယ်။ အိမ်မွေး တိရိစ္ဆာန်နဲ့ သူတို့ရဲ့ ပိုင်ရှင်တွေ ဆက်သွယ်စကားပြောနိုင်မယ်ဆိုတော့ တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။

PetPhone ဟာ ပိုင်ရှင်တွေက သူတို့ရဲ့ အိမ်မွေး တိရိစ္ဆာန်တွေကို စောင့်ကြည့်နိုင်ဖို့ ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီဖုန်းရဲ့ အလုပ်လုပ်ပုံက ဒီလိုပါ။ PetPhone ဟာ အိမ်မွေး တိရိစ္ဆာန်တွေရဲ့ အသံနဲ့ အပြုအမူတွေကို မှတ်သားထားနိုင်ပါတယ်။ ဘယ်လို အသံထွက်ရင် ၊ ဘယ်လို အပြုအမူ ပြုလုပ်ရင် အဲဒီ တိရိစ္ဆာန်ဟာ ဘာဖြစ်နေတယ်ဆိုတာ သိပါတယ်။ ဥပမာ အနေနဲ့ ကြောင်ဟာ နေထိုင်မကောင်း ဖြစ်တဲ့အခါ သို့မဟုတ် ကြောက်လန့်တဲ့အခါ သို့မဟုတ် သက်တောင့်သက်သာ မရှိတဲ့အခါမှာ ဖုန်းက ပိုင်ရှင်ကို အသိပေးမှာ ဖြစ်ပါတယ်။ အဲဒီအခါ ပိုင်ရှင်က အဝေးကနေပဲ ကြောင်ကို စိတ်အေးချမ်းသွားအောင် အသံနဲ့ စကားပြောနိုင်မှာ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ PetPhone မှာ အိမ်မွေး တိရိစ္ဆာန်ရဲ့ ကျန်းမာရေးကို စောင့်ကြည့်နိုင်တဲ့ နည်းပညာလည်းပါပါတယ်။ တိရိစ္ဆာန် ရောက်နေတဲ့ နေရာကို သိနိုင်အောင် GPS, WiFi နဲ့ Bluetooth နည်းပညာတွေလည်း ထည့်သွင်းထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here