၀န်ထမ်းသစ်တွေကို ဆွဲဆောင်နိုင်ဖို့ ရုံးချိန်အတွင်း အခမဲ့အရက်၊ ဘီယာသောက်ခွင့်၊ အရက်နာကျရင် နားရက်ယူခွင့်ပေးတဲ့ ဂျပန်ကုမ္ပဏီ

0
57

ပြိုင်ဘက်ကုမ္ပဏီတွေနည်းတူ လစာတိုးမပေးနိုင်တဲ့ ဂျပန်နည်းပညာကုမ္ပဏီတစ်ခုဟာ အရည်အသွေးမြင့် ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ရုံးချိန်အတွင်း အခမဲ့ အရက်၊ ဘီယာသောက်ခွင့်၊ အရက်နာကျရင် နားရက်ယူခွင့်ပေးမယ်လို့ ထူးထူးဆန်းဆန်း ကမ်းလှမ်းခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်အစောပိုင်းမှာ ဂျပန်စီးပွားရေး တဟုန်ထိုးအားကောင်းလာချိန်ကစပြီး ဂျပန်ကော်ပိုရေးရှင်းတွေက ဝန်ထမ်းတွေကို လုပ်ခလစာတွေ တိုးမြှင့်ကမ်းလှမ်းပြီး အရည်အသွေးမြင့် ဝန်ထမ်းတွေကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကတော့ ကော်ပိုရေးရှင်းကြီးတွေနဲ့အပြိုင် လစာတိုးပေးနိုင်ခြင်းမရှိလို့ များပြားတဲ့လုပ်ခလစာအစား အခြားနည်းလမ်းတွေနဲ့ ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။

မကြာခင်ကတော့ အိုဆာကာမြို့အခြေစိုက် ဂျပန်နည်းပညာကုမ္ပဏီ Trust Ring ကတော့ လုပ်ငန်းချိန်အတွင်း အရက်၊ ဘီယာ သောက်စားခွင့်ပေးထားတဲ့အပြင် အရက်နာကျလို့ ရုံးနောက်ကျတာ၊ ခွင့်ယူတာတွေကိုလည်း အမေးအမြန်းမရှိ ခွင့်ပြုပေးတယ်လို့ ကြေညာခဲ့ပါတယ်။ ကော်ပိုရေးရှင်းကြီးတွေနဲ့အပြိုင် လစာတိုးပေးဖို့ မတတ်နိုင်ချိန်မှာ ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်ဖို့ အခုလို စီစဉ်ခဲ့တာပါလို့ Trust Ring ကုမ္ပဏီရဲ့ စီအီးအိုက ဆိုပါတယ်။

သူတို့ကုမ္ပဏီဟာ စစချင်းအလုပ်ဝင်သူတွေကို အချိန်ပို နာရီ ၂၀ ကြေးအပါအဝင် တစ်လလုပ်ခ ယန်း ၂၂၂၀၀၀ ပဲ ပေးနိုင်ပြီး အဲဒီပမာဏဟာ အနည်းဆုံးလုပ်ခလစာနီးပါးလောက်ပဲ ရှိတာကြောင့် ဝန်ထမ်းသစ်တွေကို ဆွဲဆောင်နိုင်ဖို့ ဘောင်အပြင်ထွက်ပြီး စဉ်းစားခဲ့တာပါလို့လည်း သူက ပြောပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here