၂၀၀၁ ခုနှစ်ရဲ့ထိုင်ဝမ် f4 ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးတဲ့ မင်းသမီးချော ဘာဘီဆု ကွယ်လွန်

0
54

ထိုင်ဝမ် f4 ဇာတ်လမ်းတွဲနဲ့ လူသိများတဲ့ အသက် ၄၈ နှစ်အရွယ် ထိုင်ဝမ်မင်းသမီးချော ဘာဘီဆုဟာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ ကွယ်လွန်သွားတဲ့သတင်းထွက်ရှိလာခဲ့ပြီးတဲ့နောက်မှာ သူ့ညီမဖြစ်သူက သူ့မန်နေဂျာကတဆင့် ဒီသတင်းကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ အတည်ပြုပေးခဲ့တာပါ။

ဘာဘီဆုဟာ တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း ဂျပန်နိုင်ငံကို အလည်အပတ်ခရီးထွက်ရင်း အဆုတ်ရောင်ရောဂါကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့တာပါ။ “ပရိသတ်တွေရဲ့စိတ်ပူမှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ တရုတ်နှစ်သစ်ကူးကာလအတွင်း ကျွန်မတို့ မိသားစုတစ်စုလုံး ဂျပန်ကို အလည်အပတ်သွားရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်မရဲ့ချစ်လှစွာသောအစ်မဖြစ်သူ ဘာဘီဆုဟာ အဆုတ်ရောင်ရောဂါကူးစက်ခံခဲ့ရပြီး စိတ်မကောင်းစွာနဲ့ပဲ ကျွန်မတို့ကို ထားသွားခဲ့ပါတယ်” လို့ ဆိုပါတယ်။

ငြိမ်းချမ်းစွာအိပ်စက်အနားယူပါ။ အမြဲချစ်ပါတယ်။ အမြဲသတိရနေမှာပါလို့လည်း ဘာဘီဆုရဲ့ညီမဖြစ်သူက ပြောထားပါတယ်။ ဘာဘီဆုကို နောက်ဆုံးမြင်တွေ့ခဲ့ရတာဟာ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့က ထိုင်ဝမ်ထုတ်လုပ်သူ ဝမ်ဝေကျုံးရဲ့မိသားစုညစာစားပွဲမှာပါ။

ဘာဘီဆုမကွယ်လွန်ခင် ၂၀၂၂ ခုနှစ်က တောင်ကိုရီးယားအဆိုတော် DJ Koo နဲ့ လက်ထပ်ထားတာပါ။ သူ့မှာ ၂၀၁၀ ခုနှစ်က လက်ထပ်ခဲ့တဲ့ ခင်ပွန်းဟောင်းတရုတ်လုပ်ငန်းရှင်နဲ့ သမီးတစ်ယောက်(အသက် ၁၀ နှစ်) ၊ သားတစ်ယောက် (အသက် ၉ နှစ်) ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here