၂၀၂၆ ခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာလည်း အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်သွားဦးမယ့် ကွန်နန် အိုဘရိုင်ယန်

0
52

ဟာသပညာရှင်နဲ့ တီဗီရှိုးတင်ဆက်သူ ကွန်နန် အိုဘရိုင်ယန်ဟာ ၂၀၂၆ ခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာလည်း ဒုတိယအကြိမ်အဖြစ် အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အိုဘရိုင်ယန်က ၅ နှစ်အတွင်း ဆုပေးပွဲအတွက် ကြည့်ရှုသူ ၁၉.၇ သန်းကို ဆွဲဆောင်ိနိုင်ခဲ့တဲ့ ၂၀၂၅ ခုနှစ် အော်စကာဆုပေးပွဲကို တင်ဆက်ပေးခဲ့တာပါ။

သူက နောက်နှစ်မှာ အော်စကာဆုပေးရဲ့အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်မယ့် တစ်ခုတည်းသောရည်ရွယ်ချက်က အတ်ဒရီယန် ဘရိုဒီ ရဲ့ကျေးဇူးတင်စကားကို ပြီးအောင်ကြားချင်လို့ပါဆိုပြီး နောက်ပြောင် ပြောဆိုခဲ့ပါတယ်။ အတ်ဒရီယန် ဘရိုဒီရဲ့ အကောင်းဆုံးမင်းသားဆုရစဉ်ကျေးဇူးတင်စကားက အရှည်ဆုံးဖြစ်လို့ပါပဲ။

အိုဘရိုင်ယန်က Late Night with Conan O’Brien Talk Show ကို တင်ဆက်သူအဖြစ် လူသိများပါတယ်။ ၉၈ ကြိမ်မြောက်အော်စကာဆုပေးပွဲကို ၂၀၂၆ ခုနှစ် မတ်လ ၁၅ ရက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here