ဖက်ရှင်ဆိုတာက အမြဲတမ်း တစ်ပတ်ပြန်လည်နေတဲ့အရာတစ်ခုပါ။ 70’s, 80’s နဲ့ 90’s ခေတ်တုန်းက ခေတ်စားခဲ့တဲ့ ဝတ်စားဆင်ယင်မှုတွေက အခုတဖန် ပြန်လည်နေရာယူနေတာပဲ မဟုတ်လား။
ပြီးခဲ့တဲ့ နှစ် ၂၀ တုန်းက မိုက်ခဲ့တဲ့ ဖက်ရှင်ရှိုးပွဲတွေနဲ့ Street Style တွေဆိုရင်လည်း အခုဆိုရင် 90’s ဖက်ရှင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရပ်တည်နေပါတယ်။
ဒါကြောင့် 90’s အချိန်တွေမှာ ခေတ်စားခဲ့တဲ့ဖက်ရှင်ကို အခုတစ်ဖန် ဘယ်လိုပြန်ဆန်းသစ်ပြီး ဖက်ရှင်ကျအောင် ဝတ်မလဲ ဆိုတာကို တင်ဆက်ပေးချင်ပါတယ်။
#Flared_Jeans
Skinny Jeans ခေတ်မဖြစ်ခင်က သင့်အမေဝတ်ခဲ့တဲ့ Flared Jeans တွေက အထာအကျဆုံးဖြစ်ခဲ့ပါတယ်။ Flared Jeans ကို စတိုင်လုပ်ဖို့က သိပ်ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
Skinny Jeans တွေနဲ့တွဲဝတ်နေကျ ရှပ်၊ တီရှပ်၊ Crop Tops စတာတွေနဲ့ တွဲဖက်ကြည့်ပါ။ နေ့ဘက်တွေအတွက် သင့်တော်သလို ညဘက်တွေမှာလည်း Crop Tops မိုက်မိုက်လေး တစ်ထည်နဲ့ ဖက်ရှင်ကျနိုင်ပါသေးတယ်။
သေချာတာ ကတော့ မရိုးနိုင်တဲ့ 90’s ခေတ်ရဲ့ အငွေ့အသက်နဲ့အတူ သင် အမိုက်ဆုံး ဖြစ်နေမယ်ဆိုတာပါပဲ။
#Choker
လွန်ခဲ့တဲ့ ၃ နှစ်လောက်က စပြီး ပြန်လည်ခေတ်စားခဲ့ပြီးနောက်ပိုင်းမှာ Choker တွေကို မေ့မေ့ပျောက်ပျောက် ဖြစ်ကုန်ကြပြီနော်။ ဒါပေမယ့် သင်က 90’s ဖက်ရှင်ခရေဇီဆိုရင်တော့ Choker တွေက မရှိမဖြစ်မို့ ချန်ထားလို့ မဖြစ်ပါဘူး။
ဂါဝန်တွေနဲ့ တွဲဖက်ပြီး ကျက်သရေရှိတဲ့အသွင် ဖန်တီးလို့ ရသ လို Crop Top ပေါ်မှာ Flannel တစ် ထည် ထပ်ဝတ်ပြီး Choker နဲ့ ခပ်မိုက် မိုက်အသွင်ရအောင်လည်း စွမ်းဆောင် နိုင်ပါတယ်။ လည်ပင်းဟိုက်တဲ့ ဝတ်စုံ တွေနဲ့ဆို Choker တစ်ခုတည်းရဲ့ အကူအညီနဲ့တင် သင့်ဖက်ရှင် ပြည့်စုံနေ ပါပြီ။
#Hoop_Earrings
90’s ခေတ်ရဲ့ မရှိမဖြစ် Accessories ကတော့ နားကွင်းကြီးကြီးတွေပဲ ဖြစ်ပါတယ်။ ပျိုမေတိုင်းရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ နားကွင်းတွေရဲ့ အားသာချက်က ဘယ်လို ဖက်ရှင်နဲ့မဆို လိုက်ဖက်မှုရှိတာလို့ ပြောရမှာပါ။
Hip Hop ဆန်တဲ့ Baggy ဘောင်းဘီ၊ တီရှပ်ပွပွစတိုင်က စပြီး အနက်ရောင်ဂါဝန်ရှည်နဲ့ တွဲဖက်လည်း ဖက်ရှင်ကျတာမို့ 90’s မိန်းမပျိုတွေရဲ့ မရှိမဖြစ် Accessories ဖြစ်ခဲ့တာနေ မှာပဲနော်။ သင်လည်း နားကွင်းတစ်ရန် လောက် ဝယ်တော့မယ်လို့ စဉ်းစားမိပြီ ဆိုရင် အကြီးဆုံးနားကွင်းတွေကို ရွေး ဝယ်နော်။ အဲဒါဆို တခြား Accessories တောင် မလိုတော့ပါဘူး။
#Crop_Tops
90’s ဖက်ရှင်အကြောင်းမှာ Crop Tops တွေကို ချန်ထားခဲ့လို့မရပါဘူး။ Kate Moss ၊ Britney Spears တို့လို 90’s ဘုရင်မတွေရဲ့ ပုံရိပ်တွေကို ပြန်ကြည့်ရင် သူတို့ရဲ့ ဝတ်စုံအများစုမှာ Crop Top တွေပါဝင်နေပါတယ်။
ဒီနေ့ ခေတ်ရဲ့ 90’s Style အတွက် Crop Top နဲ့ တွဲဖက်ဖို့ အသင့်တော်ဆုံး ကတော့ Mom Jeans တွေပါပဲ။ ခါးတို တီရှပ်တွေ၊ ဆွယ်တာတွေနဲ့ Tank Top တွေကို နိုင်ငံခြားက နာမည်ကြီး မော် ဒယ်တွေရဲ့ ဝတ်ပုံဝတ်နည်းတွေကို လိုက်ကြည့်ပြီး သင့်ကိုယ်ပိုင် 90’s ဟန် ပန်ကို ပြန်လည်ဖန်တီးပေါ့။
#Overalls
Overalls တွေကို ဒီက မိန်းကလေး အများစု ဘာလို့ ဝတ်လေ့ဝတ်ထ မရှိလဲ ဆိုတာ စဉ်းစားလို့မရပါဘူး။ သာမန် Jumpsuit တွေထက် ပိုဖက်ရှင်ကျတဲ့ အသွင်ကို ဖန်တီးနိုင်တဲ့ Denim Jumpsuit တွေက 90’s အချိန်တွေမှာ ယောကျာ်းလေးရော မိန်းကလေးပါ ဖက်ရှင်ကျကျဝတ်ဆင်ခဲ့ကြတဲ့ အရာ တစ်ခုပါ။
ဂျင်းန် Overall ကို အထဲက တီရှပ်၊ Jumper အပါး ဒါမှမဟုတ် Crop Top တစ်ထည်နဲ့ တွဲဖက်ပြီး Sneakers လေးတစ်ရန် စီးလိုက်ရင် သင့် 90’s စတိုင်လေးက ပြည့်စုံသွား ပြီပေါ့။