ရီးရဲလ်အသင်းဟာ တစ်နှစ်အတွင်း ဝင်ငွေ ယူရို ၁ ဘီလျံ ရရှိတဲ့ ပထမဆုံး ဘောလုံးအသင်း ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်နဲ့ လာလီဂါဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ရီးရဲလ်ဟာ ယူရို ၁၀၄၅ သန်း ဝင်ငွေ ရရှိခဲ့တာဖြစ်ပြီး မန်စီးတီး (ယူရို ၈၃၇ သန်း ဝင်ငွေ ရရှိ)ကို ကျော်ဖြတ်ကာ Deloitte ကုမ္ပဏီရဲ့ Football Money League မှာ ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့တာပါ။
ဘာနေဗျူးကွင်းကို ပြင်ဆင်မွမ်းမံမှုတွေလုပ်ခဲ့တဲ့ ရီးရဲလ်ဟာ ပြီးခဲ့တဲ့ရာသီက ကွင်းဝင်ကြေး ၂ ဆ တိုးမြင့်ရရှိခဲ့ပြီး ကွင်းဝင်ကြေးတစ်ခုတည်းကနေ ယူရို ၂၄၈ သန်း ရရှိခဲ့တာပါ။ HP နဲ့ စပွန်ဆာစာချုပ်ကနေ ဝင်ငွေ ၁၉ ရာခိုင်နှုန်း တိုးတက်ခဲ့သလို အရောင်းပိုင်း တိုးတက်မှုတွေကြောင့် ယူရို ၄၈၂ သန်းအထိ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရာသီက သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ အဆင့်အနိမ့်ဆုံးအဖြစ် အဆင့် ၇ နဲ့ ရာသီသိမ်းခဲ့တဲ့ မန်ယူကတော့ ပေါင်သန်း ၆၅၀ (ယူရိုသန်း ၇၇၀) ရရှိခဲ့ပြီး Football Money League မှာ အဆင့်(၄)နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။