အသားနှင့်ဆန်လုံးညိုထမင်းနယ်

0
53

ရှမ်းလူမျိုးတို့၏ ဒေသစာတစ်ခုဖြစ်တဲ့ အသားနှင့် ဆန်လုံးညိုထမင်းနယ်ပါ။ အသားချဉ်အဆင့် မရောက်သေးသလို ထမင်းကို ဦးစားပေးပြီး မိမိနှစ်သက်တဲ့ အသားကို အသုံးပြုပေမယ့် ကြက်သားကိုတော့ သုံးလေ့မရှိကြပါဘူး။

ပါဝင်ပစ္စည်းများ

ဆန်လုံးညို ၁ဗူး
ဝက်သား (သို့) အမဲသား ၁၀ကျပ်သား
ဆား ဇွန်းဝက်
ဟင်းခတ်မှုန့် ပါသည်ဆိုရုံ
ယမ်းစိမ်းမှုန့် အနည်းငယ်

ပြုလုပ်နည်း

ဆန်လုံးညိုကို ရေစင်စွာဆေးပြီး ၁၅ မိနစ်ခန့် ရေစိမ်ထားပါ။ အသားကို ညက်နေအောင် ကြိတ်ပေးပါ။ ရေဆူအိုးမှာ ဆန်ကိုထည့်ပြုတ်ပြီး အနေတော် အနေအထားမှာ ရေစစ်ပြီးနှပ်ပါ။

ထမင်းကျက်ပြီဆို ဇလုံတစ်ခုမှာ လုံးဝအေးအောင် အအေးခံပေးပါ။ ထိုထမင်းထဲသို့ ကြိတ်ထားသော အသားနှင့်အရသာအားလုံးကို ရောထည့်ပြီး နှံ့အောင်နယ်ပေးပါ။ ငှက်ပျောဖက် (သို့မဟုတ်)တောင်စွန်ဖက်ကို ကတော့ပုံ (တြိဂံပုံ) ခေါက်ထိုးပြီး နယ်ထားသော ထမင်းနယ်ကိုထည့်ထုပ်ကာ လေလုံအောင် ထုပ်ပိုးချည်နှောင်ပါ။

ပထမတစ်နေ့ကို နေပူမှာပြပြီး နောက်၂ရက်ကို နေရိပ်မှာ ပြောင်းရွှေ့ထားပါ။ အသားကျက်ပြီး ထမင်းက အချဉ်အရသာဖက်ကို ကူးပြောင်းပြီဆိုတာနဲ့ စတင်စားသုံးလို့ရပါပြီ။

ကြက်သွန်ဖြူဆီချက်ဆမ်း၊ ဂျုးမြစ်၊ ကြက်သွန်စိမ်း၊ သခွားသီး၊ ငရုတ်ခြောက်တောင့်ကြော်တို့နှင့် တွဲဖက် စားသုံးနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here