ကိုရီးယား ပဲပြားနဲ့ အပ်မှိုဟင်းချို

0
52

ဒီတခါမှာတော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ပဲပြား၊ အပ်မှိုဟင်းချို ချက်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

ဖရုံသခွားသီး တစ်ခြမ်း (အတုံးလေးတွေလှီးလိုက်ပါ)
Shiitake မှို ၄ ခု (ပါးပါးလှီးလိုက်ပါ)
အပ်မှို တစ်ထုပ်
ကြက်သွန်နီ တစ်ခြမ်း ပါးပါးလှီးပါ
တို့ဖူး ၂၅၀ ဂရမ် (အတုံးလေးတွေလှီးလိုက်ပါ)

ဆော့စ်ထည့်ရန်

ပဲပုပ်အနှစ် စားပွဲတင်ဇွန်း ၃ ဇွန်း
ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆားအနည်းငယ်
ကြက်သွန်ဖြူ တေက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ ၁ ခွက်

ပြုလုပ်နည်း

အရင်ကို ရေ (သို့) ကြက်စွပ်ပြုတ်ရည်ကို ဆူအောင်တည်ပေးလိုက်ပြီး ဆော့လ်လုပ်တဲ့ပါဝင်ပစ္စည်းတွေကို သေချာထည့်လိုက်ပါ။

ပြီးရင်တော့ ဖရုံသခွားသီးထည့်လိုက်ပါ။ ၂ မိနစ် ၃ မိနစ်လောက်တည်ထားလိုက်ပါ။

အဲဒီနောက် တို့ဖူးထည့်လိုက်ပြီး နောက်ထပ် ၂ မိနစ်လောက်ထားပါ။

ပြီးရင်တော့ မှိုတွေကိုထည့်လိုက်ပြီး နောက်ထပ် ၂ မိနစ်လောက်တည်ထားပါ။

အရသာမြည်းကြည့်ပြီး ဆားလိုရင်ဆားထပ်ထည့်ပါ။ အဲဒီနောက် ကြက်သွန်မြိတ်နဲ့ ငရုတ်သီးလေး လှီးထည့်ပေးလိုက်ပြီး ထမင်းပူပူနဲ့ တွဲဖက်သုံးဆောင်လို့ရပါတယ်နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here