Niacinamide က အသားအရေအတွက် ဘာကောင်းတာလဲ

0
51

Niacinamide က အသားအရေကို အမျိုးမျိုးသော အကျိုးကျေးဇူးတွေ ပေးနိုင်တဲ့ အရာတစ်မျိုးပါ။ Niacinamide က အသားအရေကို ကျန်းမာစေဖို့ ထောက်ကူပေးတဲ့ ပရိုတင်း တစ်မျိုး ဖြစ်တဲ့keratinကို ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။ Niacinamide က အသားအရေကို ကျန်းမာစေပြီး အသားအရေ ချောမွေ့ ဝင်းလက်စေဖို့ ထောက်ကူပေးပါတယ်။

Niacinamide ကို retinolလို active ingredientsတွေနဲ့ တွဲဖက်ပြီး ဝက်ခြံတွေ သက်သာစေဖို့ အသုံးပြုပေးလို့ ရသလို အသားအရေကို ဝင်းပစေဖို့လည်း ထောက်ကူပေးပါတယ်။

ကဲ ……. ကောင်းကျိုးလေးတွေကို အရင်ကြည့်လိုက်ရအောင်နော်။

ရေဓာတ် ပြည့်ဝစေတယ်

Niacinamideက အရေပြား အပေါ်ယံမှာရှိတဲ့ အရေပြားကို ကာကွယ်ပေးတဲ့ အဆီပြင်လွှာရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေဖို့ ထောက်ကူပေးပါတယ်။ အသားအရေကို အစိုဓာတ်ထိန်းပေးပြီး ညစ်ညမ်းမှုတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။ အသားအရေ ထိခိုက်နိုင်ခြေကို လျှော့ချပေးပါတယ်။

နီးမြန်းတာကို သက်သာစေတယ်

Niacinamide က အရောင်ကျစေနိုင်သလို ဝက်ခြံကြောင့် အရေပြား နီမြန်းရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ အရေပြားမှာ နီမြန်းရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။

ချွေးပေါက်တွေကို ကျဉ်းစေတယ်

Niacinamide က ကော်လာဂျင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် ချွေးပေါက်တွေကို ကျဉ်းစေဖို့ ထိန်းညှိပေးနိုင်ပါတယ်။ အသားအရေကို ကြည်လင်ချောမွေ့စေဖို့ ထောက်ကူပေးပါတယ်။ အဆီဂလင်းတွေရဲ့ အဆီထွက်ရှိမှုကို ထိန်းညှိပေးပြီး ချွေးပေါက်ပိတ်ဆို့တာတွေကို နည်းစေပါတယ်။ ဒါကပဲ ဝက်ခြံနဲ့ အမည်းစက်တွေ ပိုဆိုးမလာအောင် ထိန်းပေးနိုင်ပါတယ်။

အမည်းစက်တွေကို သက်သာစေတယ်

Niacinamid က အသားအရေကို ကြည်လင်ဝင်းပစေတဲ့ အာနိသင်ရှိပါတယ်။ အမည်းစက်တွေကို သက်သာစေပါတယ်။ လေ့လာချက်တွေအရ 5% concentrationရှိတဲ့ Niacinamid serumက အမည်းစက်တွေကို သက်သာစေပါတယ်။ Retinolနဲ့ ပေါင်းသုံးမယ်ဆိုရင် အရေးကြောင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။

အရေးအကြောင်းတွေကို သက်သာစေတယ်

Niacinamid က ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတဲ့ ဗီတာမင် တစ်မျိုး ဖြစ်တာကြောင့် အသက်အရွယ်ကြောင့် ဖြစ်တဲ့ အရေးအကြောင်းတွေ၊ နေရောင်နဲ့ စိတ်ဖိစီးမှုတွေကြောင့် အသားအရေ ထိခိုက်တာတွေကို သက်သာစေဖို့ ကူညီပေးပါတယ်။ အရေပြား ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here