ကမ္ဘာကြီးမှာ အောက်ဆီဂျင် ပြတ်တဲ့ နေ့ ရောက်ရှိလာမည်

0
56

Toho တက္ကသိုလ်နဲ့ နာဆာ သိပ္ပံပညာရှင်တွေရဲ့ သုတေသန စစ်တမ်းအရ အပူချိန် မြင့်မားလာမှုနဲ့ CO2 Level ကျဆင်းလာမှုကြောင့် နောက်နှစ်ပေါင်း ၁.၀၈ ဘီလီယမ်လောက်မှာ ကမ္ဘာကြီးရဲ့ အောက်ဆီဂျင် Level ဟာ အလွန်အမင်း ကျဆင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။ သစ်ပင်တွေဟာ နှစ်ပေါင်း ၁၀,၀၀၀ အတွင်း ပျောက်ကွယ်သွားမှာ ဖြစ်ပြီး အောက်ဆီဂျင်ကို မှီခိုနေရတဲ့ သက်ရှိတွေဟာ မျိုးတုန်းပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

အရင်ကလည်း သိပ္ပံပညာရှင်တွေက နေရောင်ခြည် ပြင်းထန်လာမှုကြောင့် နှစ်ပေါင်း ၂ ဘီလီယမ်လောက်အတွင်းမှာ ပင်လယ်ရေတွေ ခမ်းခြောက်သွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် အောက်ဆီဂျင်က အရင်ပြတ်သွားမှာ ဖြစ်ပြီး လူသားတွေကို အသက်သေဆုံးစေမှာ ဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဂျော်ဂျီယာ နည်းပညာ တက္ကသိုလ်မှ ကမ္ဘာမြေ သိပ္ပံပညာရှင် Chris Reinhard က “ ကမ္ဘာကြီးမှာ အောက်ဆီဂျင် ဟာ အလွန့် အလွန်ကို ကျဆင်းနေပါတယ်။ ဒီနေ့မှာ ရနေတဲ့ အောက်ဆီဂျင်ထက် အဆပေါင်း ၁ သန်းလောက် ကျဆင်းသွားမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

သဘာဝဘေးအန္တရာယ်တွေ၊ နယူးကလီးယား စစ်ပွဲတွေကြောင့် ကမ္ဘာကြီးဟာ ပျက်စီးသွားနိုင်ပါတယ်။ အဲဒီအတွက် Elon Musk အပါအဝင် ပညာရှင်တွေက လူသားတွေ အခြေချနေထိုင်နိုင်မယ့် ဂြိုလ်တွေကို အာကာသမှာ ရှာဖွေနေကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here